Part-25

9K 822 1
                                    

အမတ်ကြီးတရှင်းသည် သက်ပြင်းတချချနှင့် ရှိနေပြီး အမတ်ကြီးကတော်ကတော့ မျက်နှာမကောင်းလှ…။

“အိမ်ရှေ့စံမင်းသားရဲ့ အမိန့််ကို အဖေတို့ မလွန်ဆန်နိုင်ဘူး သမီး..”

“ဟုတ်ပါတယ် သမီးရယ်.ဒါပေမယ့် အမေတို့က သမီးတို့မောင်နှမကို သားသမီးအရင်းလိုတကယ်ချစ်တာပါ.အမေတို့မှာသားသမီးလည်း မရှိတော့ သမီးတို့ကိုတွယ်တာခဲ့တာ.အဲ့ဒါတော့ ယုံပေးပါ ချင်းဝမ် ရယ် ”

ချင်းဝမ် လက်လေးကိုတကိုင်ကိုင်နှင့် ပြောနေသည့် အမတ်ကြီးကတော်ကို ချင်းဝမ် သေချာပြုံးပြလိုက်သည်။ ထို့နောက် လက်ကိုပြန်လည်ဆုပ်ကိုင်ထားလိုက်သည်။

“သမီး အကြွင်းမဲ့ယုံပါတယ် အမေတို့အခြေအနေကိုလည်းး နားလည်ပါတယ်.။ ဒါပေမယ့် ကိစ္စကထင်သလောက် မလွယ်ဘူးမလား..ဟင်..အဖေ….အိမ်ရှေ့စံမင်းသားက ချင်း-ချင်းးယွင်ကို မေတ္တာရှိနေတယ် အဖေ..”

“အဖေ သိပါတယ် .မင်းသားနဲ့လည်း အဖေ စကားပြောကြည့်ဖူးတယ်.ဖြောင်းဖျဖို့လည်းကြိုးစားခဲ့တယ် သမီး.ဒါပေမယ့် အိမ်ရှေ့စံမင်းသား က သိပ်မေတ္တာကြီးတယ်. သားငယ်လေးကို သူ တော်တော်မြတ်နိုးနေတယ်. တကယ်လို့မင်းကြီးများ သိသွားခဲ့ရင် ဘယ်လိုလုပ်ပြီး ဟင်းးးးးး”

“အဲ့ဒါထက် အရင် ချင်းယွင်သိသွားရင် တော်တော်ခံစားရမှာပါ အဖေ.. ပြီးတော့ သူ သခင်လေး အော်ခန်းကို စိတ်နာသွားလိမ့်မယ်.ဘယ်လိုလုပ်ရမလဲ .သမီးတို့ ဟင့်…အဟင့်..သမီးတို့ကျမှ.။”

အမတ်ကြီးကတော်သည် ချင်းဝမ်ကိုဖက်ကာနှစ်သိမ့်ပေးနေသည်။ ယခု အမတ်ကြီး၏ စာကြည့်ခန်းတွင် သူတို့သုံးယောက်သား သာ ရှိနေသည်.။ စိတ်မပါသည်ကြောင့် ချင်းဝမ် လည်းဆေးခန်းမဖွင့်ဖြစ်သည်က နှစ်ရက် သုံးရက်ရှိနေပြီ.။ ဆေးခန်းမှာလာ ပြီး သင်ယူအလုပ်ပေးထားသည့် ပင်းပင်း ဆိုသည့် ကောင်မလေးကတော့ အိမ်တော်ကိုလာကာ ဆေးတွေကူလှန်း ကူရုတ်ပေးရှာသည်။

“အားလုံးက ကံစီမံရာပဲ.။ နယ်လှည့်စစ်ဆေးနေတဲ့ မြို့တွေထဲမှာ မပါတဲ့ လွီလုကို အိမ်ရှေ့စံမင်းသား သွားဖြစ်တာလည်း ကံပဲ.။ သမီးတို့နဲ့တွေ့ဖြစ်တာလည်း ကံပဲ.။ ပြီးတော့ ချင်းယွင်နဲ့ နှစ်ယောက်သား မေတ္တာမျှမိတာလည်းကံပါပဲ.။အဖေတို့တွေအားလုံးက ကံစီမံရာအတိုင်း လိုက်ပါ ကပြကြရတာပဲလေ.။ အားလုံးသိသွားရင်တောင် သူ ကောင်းဖို့ အတွက် မင်းသားက ကြိုးပမ်းပေးတယ်ဆိုတာ ချင်းယွင် နားလည်ပေးဖို့ပဲဆုတောင်းတယ်.။”

နှလုံးသားထဲက ဒဏ္ဍာရီTempat cerita menjadi hidup. Temukan sekarang