“အစ်ကိုခန်း--အစ်ကိုခန်း--”
တိုးသဲ့သဲ့အသံလေးနှင့်အတူ ဆုပ်ကိုင်ထားသော လက်လေးက လှုပ်ရှားလာတာမို့ ခုံပုလေးနှင့်ထိုင်ကာခုတင်ပေါ်မျက်နှာမှောက် အိပ်နေသော အော်ခန်း ဆတ်ခနဲဖြစ်သွားသည်။ ကြည့်လိုက်တော့ ခပ်ယဲ့ယဲ့လေးပြုံးပြနေသော သူ့ နှလုံးသားငယ်….
“နိုးလာပြီလား?? ဘယ်လိုနေသေးလဲ သက်သာလား??”
“အင်း…အစ်ကိုခန်း ရော ဘာဖြစ်သွားသေးလဲ”
“အရူးလေး..ကိုယ်က ဘာဖြစ်ရမှာလဲ.. နောက်တစ်ခါ အဲ့လိုကာကွယ်မပေးပါနဲ့ ကာကွယ်စရာရှိရင် ကိုယ်ပဲ ကာကွယ်မယ်..”
လေးနက်သော အော်ခန်း မျက်လုံးတွေကို ချင်းယွင် အဓိပ္ပာယ်မဖော်နိုင်ဖြစ်သွားရသည်။ ဘာလို့ ချင်းယွင်က ကာကွယ်ပေးလို့ မရတာလဲ?? သူကပဲ ကာကွယ်မယ်လို့ဘာလို့ပြောနေရတာလဲ? အဲ့ချိန်တုန်းက ပြေးဝင်လာသော ဓားကိုတွေ့သည့်အခါ အစ်ကိုခန်း တစ်ခုခုဖြစ်မှာစိုးပြီး ကာကွယ်ပေးလိုက်ရုံသာ။ စိတ်ပူသွားတာကတော့ ထိုအချိန်ဘာနှင့်မျှ နှိုင်းမရပါ။
“ချင်းယွင် နိုးလာပြီလား တော်သေးတာပေါ့..။သခင်လေး အော်ခန်း ဆူပြီးပြီထင်တယ်။ မမ ဘာမှတော့ မပြောချင်တော့ဘူးနော်..”
ချင်းဝမ် က ရေနွေးဇလုံလေးကိုင်ပြီး ၀င်လာကာ စားပွဲပေါ်တင်ထားလိုက်သည်။ ချင်းယွင်ကိုကြည့်တော့ သက်သာနေပုံမို့ စိတ်ချသွားရ၏။
“မမ..ကျွန်တော့ကို မဆူပါနဲ့ ကျွန်တော် မှ နေမကောင်းတာ..”
လှဲလျက်နှင့်ပင် ချင်းဝမ် ဘက် စောင်းကြည့်ကာ နှုတ်ခမ်းအနည်းငယ်စူပြောနေသော ချင်းယွင် ကို အော်ခန်း ငေးနေမိသည်။ ဒါက သူ မမြင်ဖူးသော ချင်းယွင်၏ ပုံစံတစ်မျိုး။ ချစ်ဖို့ကောင်းလွန်းလို့ သူ ရူးတော့မည်ထင်သည်။
“မျက်နှာတော့သစ်ရမယ် ပြီးမှ စွပ်ပြုတ်လေးသောက်ပြီး ဆေးသောက်ရမယ်နော်.ခဏနေ ရှောင်ဖူ လာပို့ပေးလိမ့်မယ်.။”
“ရတယ် ချင်းဝမ် ကျွန်တော် မျက်နှာသစ်ပေးလိုက်မယ်။ ချင်းဝမ် ကဆေးခန်းဖွင့်ရဦးမှာ မို့လား.”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...