တရွေ့ရွေ့ထွက်ခွာသွားသည့် အော်ခန်း ကျောပြင်က ပျောက်ကွယ်သွားသည်မှာ ကြာနေပြီဖြစ်ပေမယ့် ချင်းယွင် ထိုနေရာမှာတင် တုပ်တုပ်မျှ မလုပ်ရပ်နေဆဲဖြစ်သည်.။ ပါးပေါ်မှာမျက်ရည်စီးကျနေသည်များကလည်း အတောမသတ်နိုင်သေး.။ ရက်စက်သည့်စကားလုံးတွေနှင့် နင်းချေလိုက်ရလေတော့ ကျလာသည့် အော်ခန်းမျက်ရည်တွေသည် သူ့အတွက်တော့ နှလုံးသား အဆိပ်သင့်နေသလိုပင်ဖြစ်သည်.။
ပင်းပင်းက အရဲစွန့်ပြီး ချစ်စကားပြောလာသည်ကို
မျက်စိစုံမှိတ်ငြင်းလိုက်ပြီးမှ အနှီ မိန်းမပျိုကို ခဏပွေ့ဖက်ပေးနေမိခြင်းက အော်ခန်း ကို နာကျင်စေဖို့ ပိုထောက်ပံ့ပေးခဲ့သည်.။မျိုးဆက်..။
ဘာမျိုးဆက်မှ အရေးမပါဘူး အစ်ကိုခန်း ရယ်.။တစ်ညတာ ဖြတ်သန်းမှုကိုလည်း သူ တကယ်ပဲ ရင်ခုန်လှိုက်မောပြီး ပျော်ရွှင်ခဲ့ရသည်သာ.။ ဘ၀မှာ မည်သည့်အခါမှ မေ့မှာ မဟုတ်သည့် အခိုက်အတန့်တွေကို တစ်သက်လုံးပဲ ရင်ထဲမှာပဲသိမ်းထားစေချင်မိသည်.။
သူ့အတွက် အစစ အရာရာ နစ်နာလွန်းလှသည့် ချစ်သူကို ဆက်ပြီး ဆွဲမထားချင်ပါ.။ သူ့အတွက်နှင့် မွန်ဂိုစစ်သူကြီးသမီးကိုလက်ထပ်ယူမည်ကိုလည်း ချင်းဝမ် ဆီက ကြားခဲ့ပြီးပြီ.။ လှပကောင်းမွန်တဲ့ အမျိုးသမီးကောင်းလေး နှင့် နန်းတက်ပြီး တိုင်းပြည်ကို အုပ်ချူပ်စေချင်တာ သူ့စိတ်ရင်းအမှန်ပါလေ..။
ပင်မြင့်မှာပဲ စံပါ ချစ်သူ…
သူကတော့ အဝေးမှာပဲ ချစ်ခြင်းမေတ္တာတွေကိုသိမ်းထုပ်လို့ရှင်သန်သွားမှာပါ.။ ဘယ်သောအခါမှလည်းထပ်ချစ်မှာ မဟုတ်တော့သလို အိမ်ထောင်ပြုဖို့ဆိုတာလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်..။ နှလုံးသားထဲက တစ်ယောက်ထဲနဲ့ပြည့်နှက် နေပါပြီ..။
နှလုံးသားထဲက ဒဏ္ဍာရီ လေးတစ်ပုဒ်လိုပဲ ရှင်သန်ပါစေ..။
“မောင်လေး ~~~~ ဘယ်လိုလုပ်ဒီရောက်နေတာလဲ.သခင်လေး --သခင်လေး အော်ခန်း နဲ့တွေ့ပြီးပြီလား.”
“မမ !”
နန်းတော်ထဲက ထွက်လာပုံရသော မမ က လက်မောင်းကို လာကိုင်ကာ တအံ့တသြပြောမှ ချင်းယွင် သတိဝင်သည်.။ ချင်းဝမ် ဘေးတွင်လည်း မျက်နှာမကောင်းပါသော မင်ထိုက် နှင့် မျက်ရည်လည်ရွှဲ ရှောင်ဖူ..။
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...