Part-31

8.9K 926 32
                                    

တစ်ရွာတည်းနေခဲ့ဖူးသည့် မျက်စိရှေ့က မိန်းကလေးကို ကြည့်ပြီး ရှောင်ဖူ လက်သီးတင်းတင်းဆုပ်မိသည်.။ မိန်းကလေးတစ်ယောက် မည်ကဲ့သို့တောင် ရက်စက်ယုတ်မာရပါသနည်း..။ယခု အချိန်တွင်တော့ သူ့ေ၇ှ့တွင် ကြောက်ဒူးတုန်ကာ ရပ်နေလေသည်.။အမှန်တကယ်ပင် လူ့လောက က မတည်မြဲ..နိမ့်တစ်ခါမြင့်တစ်လှည့်ပါလား..။

“ဖြောင်း !!!!”

မညှာတာနိုင်ဘဲ လက်ဝါးစောင်းဖြင့် တစ်ချက်ရိုက်လိုက်တော့ ပုံကျသွားသည်.။

“အဲ့ဒါ ငါတို့ကို ဒုက္ခပေးလို့..”

“ဖြောင်း !!!”

“အဲ့ဒါ ထန်းပေါင်ကို နှစ်တွေအကြာကြီး ခံစားရအောင် ငါနဲ့ကွဲအောင်လုပ်လို့”

“တောင်း ပန်--ပါတယ်  တောင်းပန် ပါတယ်”

“ဖြောင်း !!!”

“ရှောင်ဖူ ..ရှောင်ဖူ စိတ်အေးအေးထား..။ တော်ပါတော့ နော် …ရှောင်ဖူ..”

ပုံကျနေသည်ကို ထပ်ခါထပ်ခါ ရိုက်ကာ အသိစိတ်လွတ်သလိုဖြစ်နေသော ရှောင်ဖူကို ထန်းပေါင် ဆွဲဖက်ထားလိုက်သည်.။ ဒါတောင် အရှိန်မသေ သေးသည့် သူလေးက အတင်းရုန်းတုန်း…။ တစ်ကိုယ်လုံးကိုထွေးပိုက်ထားလိုက်တော့မှ ငြိမ်သွားကာ ရှိုက်ကြီးတငင်ငိုပြန်သည်..။ ခံစားရသမျှက လွယ်လွယ်တော့ ဘယ်ပျောက်မလဲလေ..။ အားလုံး သူ့အပြစ်လို့ မှတ်ယူနေသည့် ချစ်သူကို ထန်းပေါင် တစ်ယောက် မင်းသားမင်ထိုက် နှင့် အမတ်ကြီး တရှင်း ရှေ့တွင်လည်း ဟန်မဆောင်နိုင်ဘဲ ပိုတိုးဖက်ထားလိုက်တော့သည်…။

“ရှောင်ဖူ ကိုခေါ်ပြီး အော်ခန်း ဆီပဲသွားနေလိုက်တော့..ထန်းပေါင်..။ မငိုနဲ့တော့ ရှောင်ဖူ.။ အော်ခန်း ပြောဖူးတာမှတ်မိတယ်မလား..ငိုတာလှလည်းမလှဘဲနဲ့..”

“သခင်လေး မင်ထိုက် က ပါ..~~”~

ငိုလျက်နှင့် အသံသေးသေးလေးထွက်လာသေးသည်မို့ ထန်းပေါင် နှင့် မင်ထိုက်ပြုံးမိသေးသည်.။ မြေပြင်ပေါ်မှာပုံကျနေသည့် လုအယ် ဆိုသည့်မိန်းကလေး နှင့် ဒူးထောက်လျက်သား စုစု သည်  ချစ်ခြင်းခံရသော ရှောင်ဖူ ၏ အဖြစ်ကို ငေးလျက်.။ သူတို့နှစ်ယောက်သား ထွက်သွားတော့မှ မင်ထိုက် က စုစု ကို မျက်နှာချင်းဆိုင်ကြည့်သည်။

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now