ခြံဝင်းတစ်ခုလုံးတွင် အနီရောင်မင်္ဂလာ သင်္ကေတအမှတ်တို့ဖြင့် နီရဲဝင့်ကြွားကာ မင်္ဂလာရှိနေသည်.။ အစေခံလေးများသည်လည်း ခြံဝင်းအတွင်းသွားလာလှုပ်ရှားလျက် အလုပ်များနေကြ၏။
ခန်းမဆောင်ထဲတွင်တော့ ထိပ်ဆုံးနေရာတွင် ဟွမ်မင် မင်းကြီး နှင့် အမတ်ကြီးတရှင်း ဇနီးမောင်နှံက ယှဉ်တွဲလျက်ထိုင်နေသည်.။ အမတ်ကြီးခမျာ မင်းကြီး နှင့် တတန်းတည်းထိုင်ရသည့်အတွက် အနည်းငယ်တော့ အားနာသယောင်ဖြစ်နေရသည်.။ အိမ်ရှေ့စံမင်းသား မင်ထိုက်နှင့် အိမ်ရှေ့မိဖုရား ချင်းဝမ်တို့ကတော့ ဘေးကခုံလေးတွင် ထိုင်လျက် ပီတီဖြာနေကြ၏။"ရှောင်ဖူ ငါ့နားလာနေတော့လေ..ဘာလို့ ပြေးပြေးလွှားလွှားလုပ်နေသေးတာလဲ."
"အားယား-- မင်း ဘာသိလို့လဲ.။ ချင်းယွင် ကို ငါက နည်းနည်းပါးပါး မျက်နှာချေလေးလိမ်းပေးမလို့."
ခန်းမဆောင်အပြင်နားတွင် လှစ်ခနဲပြန်ပြေးရန်ကျန်နေသော ကျန်းရှောင်ဖူလေးကို ထန်းပေါင်က လက်လှမ်းဆွဲထားလိုက်သည်.။
"မျက်နှာချေ လိမ်းရအောင် သူက မိန်းကလေးလား.။ ဒီတိုင်းဆို ရပြီ.. မဟုတ်ရင်တောင် သူ့မျက်နှာက ဖြူနုနေတာကိုး."
ထန်းပေါင်စကားဆုံးတော့ ရှောင်ဖူက မျက်မှောင်ကြုံ့လျက်ကြည့်လာသည်.။ ထန်းပေါင် သူ မှားပြောမှန်းမသိသည်ကြောင့် ကြောင် တောင်တောင်ပြန်ကြည့်သည်.။
"မင်း ဘယ်အချိန်တည်းက ချင်းယွင် မျက်နှာကို ဒီလောက်ထိကြည့်ထားတာလဲ"
"ဟမ်.."
"ငါ့မျက်နှာဘယ်လိုရှိလဲတောင် မသိဘဲ ဘာလို့ချင်းယွင်ကျတော့ သိနေတာလဲ."
"အာ--ရှောင်ဖူ...ဘာတွေပြောနေတာလဲ ငါက ဒီတိုင်း-"
ရှောင်ဖူသည် ဘာမှပြန်မပြောဘဲ ခန်းမထဲကိုသာ ပြန်ဝင်သွားသည်..။ ထန်းပေါင်လည်း ခေါင်းတစ်ချက်ကုတ်ကာ အထဲလိုက်ဝင်လာသည်.။ မျက်လုံးချင်းဆုံအောင်ကြည့်ကာ မျက်နှာချိုသွေးပြသော်ငြား အနှီ ကျန်းရှောင်ဖူက မျက်စောင်းနှင့် တုံ့ပြန်သည်.။
"သတို့သား နှစ်ယောက် ၀င်လာလို့ရပါပြီ..~~"
အခမ်းအနားမှူးအဖြစ် မင်းကြီး ၏ အထိန်းတော်ကြီး က ပြောလိုက်သည်နှင့် ခန်းမထဲသို့ အနီရောင်သတို့သား ၀တ်စုံနှင့် ကောင်လေး နှစ်ယောက်ဝင်လာကြသည်.။ အမတ်ကြီးတို့ ၏ နီးစပ်ရာ မိတ်ဆွေရင်းများ ခြံနှင့် အနည်းငယ်လှမ်းသော ရွာလေးထဲမှ ပရိတ်သတ်တစ်ချို့တို့သာ ရှိပြီး ခမ်းနားကြီးကျယ်လှသည်မဟုတ်ပေမယ့် သိပ်ကို နှစ်လိုဖွယ်ကောင်းသော အပြုံးတို့ လူတိုင်းတွင် ချိတ်ဆွဲထားကြသည်.။ ပကာသနကင်းရှင်းကာ အဖြူသက်သက် မင်္ဂလာအခမ်းအနားလေး.။ မည်သို့ပင်ဖြစ်စေ ချစ်သူနှင့် လက်တွဲရရန်သာ အရေးကြီးဆုံးဖြစ်သည်ကြောင့် အော်ခန်း နှင့် ချင်းယွင် အပြုံးတို့ဖူးပွင့်နေပါသည်.။
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...