ချင်းဝမ် တစ်ယောက်တည်း ဆေးခန်းထဲမှာ လူနာနည်းနည်းရှိနေတာကိုလည်း မကူဘဲနှင့် ချင်းယွင်သည် အိမ်ရှေ့ ခုံတန်းလေးပေါ် တွင် အခြောက်လှမ်းထားသော ဆေးရွက်တွေကိုအကြောင်းရှာကာ သိမ်းမည့် ခြင်းတောင်းထဲ ထည့်လိုက် ခုံတန်းပေါ်ပြန်တင် လိုက်လုပ်နေမိသည်။ စိတ်က မရှိသောကြောင့် လက်က လုပ်ချင်ရာလုပ်နေပြီး ချင်းယွင် မျက်လုံးတွေသည် အိမ်ရှေ့သို့ တမျှော် မျှော်…။မနက်အစောကြီးကတည်းက ထွက်သွားသော အော်ခန်းသည် ခု ညနေစောင်းလုနေပြီတောင် ပြန်မေ၇ာက်လာသေး။ မည်းမှောင်နေသော ကောင်းကင်ကြီးကို မော့ကြည့်ကာ စိတ်ကပူရသေးသည်။ မကြာမီ မိုးရွာနိုင်ချေရှိသည်မလား.။ထိုစဉ် လူတစ်ယောက်က အလောတကြီးပြေးဝင်လာသည်။
“အာ--အစ်ကိုလေးပိုင်…သမား--မားတော် ပိုင်ရှိတယ် မလား--- နတ်ကွန်းအကျော်နားမှာ--လူနာတစ်ယောက်ရှိလို့--သူက အော်--အော်--!!!”
“ဘာ!!!!!”
အပြေးလာခဲ့သူက အမောဆို့နေသည်မို့ စကားမဆက်နိုင်တာကို ချင်းယွင် မစောင့်နိုင်။ ချက်ချင်းပင် ခြံထဲက ပြေးထွက်ခဲ့သည်။ လုံထင်ဆိုသည့် လူယုတ်မာကို ဖမ်းပြီး ပြစ်ဒဏ်ပေးပြီးသားပေမယ့် တစ်ယောက်ယောက်ကများ အော်ခန်းကို---။အတွေးနှင့်တင် လူက ပူလောင်သွားရကာ နောက်က လှမ်းခေါ် နေသည်ကိုလည်းမကြားတော့။ ခြေလှမ်းတို့သည် နေသည့်နေရာနှင့် အတန်ငယ်ဝေးသော နတ်ကွန်း နားဆီသို့..။ ခပ်မြန်မြန်ပြေး လာသောကြောင့် မောဟိုက်နေသည်ကို အသာထားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မည်သူမျှ မရှိပါ.။ နတ်ကွန်းအကျော်လို့ သူ သေချာကြားခဲ့သည်ပဲ။ နတ်ကွန်းအကျော်လို့ သူတို့ခေါ်ဝေါ်သုံးစွဲသည့် နေရာက လွီလုမြို့တွင် ဤတစ်နေရာတည်းရှိသည်။
“အစ်ကိုခန်း !!! လူ ရှိလား ??”
မည်သူမှ မရှိသောကြောင့် စိတ်လည်းပူရသလို စိတ်လည်းအေးသွားရသည်။ တခြားတစ်လမ်းကနေများ မမချင်းဝမ်ဆီ ရောက်ရင် ရောက်သွားမည်။ အကြောင်းကြားလာသည့်သူ ရှိသလို ရှောင်ဖူ လည်းရှိနေမည်ကိုတွေးကာ စိတ်က ခုမှ သက်သာရ ရ၏။ ထို့နောက် အိမ်ပြန်ရန်ပြန်လှည့်စဉ်မှာပဲ စောစောကတည်းက မည်းမှောင်နေသော မိုးသည် အငြိုးတကြီး စတင်ရွာချတော့သည်။ ချင်းယွင် လည်း ပြန်ရန် မဖြစ်သေးသောကြောင့် အမိုးလည်းပါရှိသော တဲပျက်လေးထဲ ခဏ၀င်နေလိုက်၏။ မိုး က ပိုပို သည်းလာသည့် အပြင် ချမ်းကလည်း ချမ်းလာသောကြောင့် ချင်းယွင် ခေါင်းတွေပါ မူးလာရသည်။ တော်သေးသည်က ဒဏ်ရာက အကျက်မြန်နေသည်မို့.။
-
-
-
-
“ချင်းဝမ် ဘယ်သွားမလို့လဲ..”
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...