Part-29

8.5K 855 8
                                    

မင်ထိုက် ၏ပုံစံသည် ခါတိုင်းနှင့်မတူ အေးစက်တည်ငြိမ်နေသောကြောင့်  ရှေ့တွင်ထိုင်နေသော ဖိန့်အော် အနည်းငယ်တော့ စိုးရွံ့မိ သည်.။ နန်းဆောင်ကို လာရန် ခေါ်သည်မို့ ပျော်၇ွှင်ခဲ့သော စိတ်သည် တစ်ခဏသာ.။

“မတရားစွပ်စွဲမှု .. ရန်ရှာမှုတွေကို ဘယ်လိုအပြစ်ပေးသင့်လဲ.ဖိန့်အော်…မင်း လုပ်ခဲ့တဲ့ ကိစ္စကို မင်းသိတယ်မလား”

“အစ်-အစ်ကိုတော်. ဖိန့်အော် တကယ်ဗိုက်အောင့်ခံစားခဲ့၇တာပါ..သမားတော် တိုက်တဲ့ဆေးတွေက ဘာတွေမှန်းမှ မသိတာ..”

“အဲ့ဒါနဲ့ ငါ က မင်းရဲ့စေ့စပ်ထားတဲ့သူဆိုတော့ လုပ်ကြံချင်တာလားဆိုပြီး မေးခဲ့တယ်ပေါ့..”

အစ်ကို ဟု သုံးနှုန်းလေ့ရှိကာ ညင်သာတတ်သော မင်ထိုက် ၏ ယခု ပုံစံသည် ဖိန့်အော် ဘယ်တုန်းကမျှ မတွေ့ခဲ့ဖူးသော ပုံစံတစ်မျိုးဖြစ်သည်.။

“မင်းနဲ့ ငါ ဘယ်တုန်းက စေ့စပ်ပွဲလုပ်လိုက်ရတာလဲ..။ ”

“ဖိန့်--ဖိန့်အော်က-”

“တစ်ခုတော့ မြဲမြဲမှတ်ထား!!! ပိုင်ချင်းယွင် ပိုင်ချင်းဝမ် ဘယ်သူ့ကိုမှ ထိဖို့မကြိုးစားနဲ့…မဟုတ်ရင် င့ါကိုအဆိုးမဆိုနဲ့..ခု မင်း လုပ်ခဲ့တဲ့ အပြစ်အတွက်..တောင်ပေါ်ဘုံကျောင်းကိုသွားပြီး တစ်လတိတိ တရားကျင့်ရမယ် ပြန်လာခွင့်မရှိဘူး.”

“အစ်ကိုတော်!!!”

“ဘာလဲ အမိန့်မနာခံတာလား ကျောက်ဖိန့်အော်။”

“မ၀ံ့ရဲပါဘူး..သွား-သွားပါ့မယ်.”

မျက်နှာငယ်လေးနှင့် ထွက်သွားသော ဖိန့်အော်သည် အနည်းငယ်မျှ သနားစရာမကောင်း.ပါ.။ သူမ လုပ်လို့ဖြစ်ပျက်ခဲ့သည့်ကိစ္စ တွေကိုတောင် မဖြေရှင်းရသေး… ခံစားနေရသည့် သူတွေအတွက်လည်း သူမပြစ်ဒဏ်က နည်းတောင် နည်းနေသေးသော်လည်း ညီမ တစ်ယောက်လိုသံယောဇဉ်ရှိသူမို့ အသင့်တော်ဆုံး လုပ်ရပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်..။

“သခင်လေး..ကျိုကျီရဲ့ မိန်းမ စုစု ကို ခေါ်လာခဲ့ပါပြီ. အမတ်ကြီးအိမ်တော်ကို ပို့ထားလိုက်ပါတယ်…။”

“ကောင်းတယ် ကျိုကျီ ရော..ရှာမတွေ့ဘူးလား..”

“ထွက်ပြေးသွားတာ သြော် သူများကယ်သွားတာလို့ပြောရင်ပိုမှန်ပါမယ်..သူ့ကိုလာရှာတဲ့ တခြားလူလည်းရှိနေတယ် သခင်လေး..ကျွန်တော်တို့လူတွေ အဲ့နောက်ကို ချက်ချင်းလိုက်ဖို့လွှတ်ထားပါတယ်..ကြည့်ရတာ နေပြည်တော်ထိ လာတယ်ထင်တယ်..ဦးရီးတော်ကျောက် အိမ်နားမှာ မျက်ခြေပြတ်သွားတာ တောက်လျှောက်လိုက်လာပြီးမှ”

နှလုံးသားထဲက ဒဏ္ဍာရီМесто, где живут истории. Откройте их для себя