အမတ်ကြီး အိမ်တော်တွင် အော်ခန်း အတွက်တိုင်ပင်ဆွေးနွေးကြပြီးသည့်နောက် မင်ထိုက် နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့သည်..။ ထန်းပေါင်ကတော့ နောက်နားမှာ တိတ်ဆိတ်လျက်..။ အားလုံး ၏ အပြစ်ဒဏ်ကို အော်ခန်း တစ်ယောက်တည်းခံခဲ့တာ..။ကြိုတင်ကြံစည်ထားသည်လားထင်ရလောက်အောင် သူတစ်ယောက်တည်း မင်းကြီး၏ ဒေါသတွေကို သဲ့ယူသွားတာ ငယ်ကတည်းက အတူနေလာသူမို့ မင်ထိုက် နားလည်နေသည်.။
“အော်ခန်း အရူးကောင်..”
“မင်ထိုက်.~ ”
အနောက်က ခပ်သဲ့သဲ့ခေါ်သံလေးကြောင့် ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်သည်။ ချင်းဝမ် သည် ခပ်မြန်မြန်လျှောက်လာလေ၏။ မင်ထိုက် လို့ခေါ်ကာ ရင်းနှီးနေသေးသည့် အရိပ်အယောင်တွေ မျက်လုံးတွေထဲ မြင်နေရတော့ ခဏတော့ စိတ်အေးချမ်းသွားသည်.။
“ဘယ်လိုလုပ်မလဲ.ဟင်..သခင်လေး အော်ခန်း အပြစ်ဒဏ်အရမ်းခံရမှာလား..??”
“သူ အဆင်ပြေမှာပါ..ကျွန်တော်တို့လည်း မင်းကြီးကို အသနားခံပြီးပြစ်ဒဏ်လျှော့အောင်လုပ်မှာပါ..နည်းနည်းတော့ခက်ပေမယ့် အစွမ်းကုန်ကြိုးစားမှာ..”
“ရှင်တို့--တကယ်ပဲ--”
စေတနာကို ခံစားမိသည်ကြောင့် ချင်းဝမ် မျက်ရည်တွေကျလာရတော့သည။် သူ ချင်းဝမ် ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ---
“အမှန်တရားအတွက်ပဲ ချင်းဝမ် ရယ်.နောက်ဆုံးမှာ အားလုံးအဆင်ပြေမှာပါ ခု ကျွှန်တော်တို့ သက်သေစာအုပ်ရခဲ့တာပဲလေ..ခြေရာကောက်လို့ရမှာပါ.…”
အချိန်တစ်ခုထိတော့ မင်ထိုက်ရင်ခွင်ထဲတွင် ရှိုက်ငိုနေမိသည်။ ထန်းပေါင်ကတော့ ခပ်လှမ်းလှမ်းမှာရပ်လျက်…။
“ကျွန်တော်တို့က ချစ်သူတွေဖြစ်နေတုန်းပဲမလား ”
ရင်ခွင်ထဲကနေ မျက်ရည်စက်လက်နှင့် ချင်းဝမ် ခေါင်းညိမ့်ပြလိုက်သည်။ သူမ တကယ်ချစ်ပါသည်..။တစ်သက်မှာ တစ်ခါပဲ ချစ်ရသူမို့ လက်မလွှတ်ချင်ပါ..။ ပြီးတော့ ဖြစ်ခဲ့သမျှတို့သည် မင်းသားတွေနှင့်မှ မဆိုင်သည်ပဲ…။
YOU ARE READING
နှလုံးသားထဲက ဒဏ္ဍာရီ
Historical FictionBoth with Zawgyi & Unicode # ကိုယ့်ရဲ့ ကိုယ်ပိုင် character လေးတွေပါ။ ကိုယ့် စိတ်ကူးထဲက ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။ " ချစ်တယ်ဆိုတာထက် မြတ်နိုးရတာပါ -ယွင်." "မဖြစ်နိုင်ဘူး ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ပြီးတော့ မုန်းတယ် အစ်ကို ခန်း " #မတော်...