Final Extra

17.5K 1.2K 97
                                    

အိမ်တော်ဝင်း၏ မြေကွက်လပ်တွင်ပဲ ချင်းယွင် နှင့် ရှောင်ဖူ ဓားရေးလေ့ကျင့်ပြီးသည်နှင့် နှစ်ယောက်သား မောပန်းစွာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည်။

“ချင်းယွင် မင်း ရဲ့ ဓားသိုင်းက ဘယ်လိုလုပ် ချက်ချင်းကြီး တိုးတက်လာတာလဲ.”

“ငါလား ?? အားတဲ့အချိန်ကျရင် အစ်ကိုခန်းက သင်ပေးတယ်လေ.”

ထိုစကားကြားလေတော့ ရှောင်ဖူလေး ခမျာ မျက်မှောင်ကြုံ့စူပုတ်သွားရသည်။ ချင်းယွင် သည် အမြဲတစေ အချစ်ခံရလေတော့ ရှောင်ဖူ မှာတော့ အားကျစွာနှင့် ခင်ပွန်းယောကျာ်းဖြစ်သူကြီး ထန်းပေါင်ကို အားမလိုအားမရ ကိုင်လှုပ်ပစ်ချင်မိသည်။

“သခင်လေး က မင်းကို ဘာလို့ အဲ့လောက်တောင် ချစ်နိုင်ရလဲ ငါတော့ စဉ်းစားလို့ကိုမရဘူး.။ ”

“ထန်းပေါင်လည်း မင်းကို ချစ်တာပဲ.။ သူ မပြောပြတတ်လို့လေ.။ မင်း ခံစားလို့တော့သိတယ်မလား.??”

ရှောင်ဖူ ခပ်ရေးရေးလေး ပြုံးလိုက်သည်.။ အမှန်တွင်တော့ လျန်းထန်းပေါင် သူ့ကို အသက်လောက်ချစ်တာ သူသိပါသည်.။ မည်မျှပင် အနေအေးကာ အားမရသည်ဆိုဆို  ထန်းပေါင် ထက်သာသော သူ အယောက်တစ်ရာ ပုံပေးရင်တောင် ချစ်သောသူကို မလဲနိုင်.။

“ငါ သွားနှင့်တော့မယ်.။ ညနေစောင်းနေပြီကို.။ အစ်ကိုခန်းက ဘာလို့ပြန်မလာသေးတာလဲ မသိဘူး.။”

ရှောင်ဖူကို နှုတ်ဆက်ပြီး အရင်ထွက်လာခဲ့သော ချင်းယွင် ၏ ခြေလှမ်းတို့သည် စင်္ကြန်တစ်လျှောက် လှမ်းလာရင်းက ရှေ့တူရူဆီမှ အော်ခန်း နှင့် မိန်းမပျို တစ်ဦးကို တွေ့သည်။ မိန်းမပျိုသည် ပြောစရာမရှိလောက်အောင် လှပကာ တန်ဖိုးကြီး အ၀တ်တန်ဆာတို့ ဖြင့် အထက်တန်းလွှာ ထဲကမှန်းကြည့်ရုံနှင့်သိသာလွန်းလှသည်။ ခြေလှမ်းရပ်ကြည့်နေရင်းနှင့်မှ အော်ခန်းက သူ့ကိုမြင်သွားပြီး ပြုံးပြသည်.။
သို့ပေမယ့် စာကြည့်ဆောင်ဘက် ဆက်လျှောက်သွားခဲ့သည်.။
အဘယ်ကြောင့်မှန်းမသိ လျစ်လျူရှုသလိုခံစားရကာ ချင်းယွင် ရင်ထဲ တစ်မျိုးဖြစ်သွားသည်.။

“အရူး.. ဘာတွေ လျှောက်တွေးနေတာလဲ အစ်ကိုခန်းက အလုပ်များနေတာကိုး.။အမြန်ရေမိုးချိုးပြီး စာသင်ကျောင်းသွားရမယ်.”

နှလုံးသားထဲက ဒဏ္ဍာရီWhere stories live. Discover now