Part-2(💛)

15.7K 875 25
                                    

လေအေးပေးစက်တပ်ထားသော အခန်းနှင့်ဆန့်ကျင်စွာ ထိုအခန်းထဲရှိinterviewဖြေမည့်လူများကတော့ နဖူးစပ်မှ ချွေးသီးချွေးပေါက်များဖြင့် ဇောချွေးများပြန်နေကြသည်

အဓိကအကြောင်းအရာထဲကတစ်ခုကတော့ သူတို့ကို interview မည့်လူများထဲမှ အလယ်တည့်တည့်မှာ စမတ်ကျကျထိုင်နေသည့် ခပ်ချောချောရုပ်ရည်ပိုင်ရှင်၏အေးစက်စက်အကြည့်တို့ကြောင့် သူတို့၏နှလုံးခုန်နှုန်းနဲ့ ကြောက်ရွံ့မှုကို နှစ်ဆတိုးမြှင့်စေခြင်းပင်

အစကတော့ ထိုCEOဆိုသူ၏မျက်နှာလှလှကိုနတ်သားတပါးသဖွယ်သတိလက်လွတ် ငေးမောကြည့်နေကြပေမယ့် နောက်ပိုင်းထိုသူ၏ခပ်သြသြအသံ မာန်အပြည့်ဖြင့်မေးလာသည့် မေးခွန်းများအောက်တွင်မူ ပြန်ဖြေရမည့် အဖြေစကားတို့ကပင် ခွေးအကြီးလှည်းတက်ကြိတ်ခံရသလို အ ထစ် အ ထစ်ဖြင့်

ဘာလား!!ဒီCEOကလူမှဟုတ်ရဲ့လား

သူမေးနေတာက ရိုးရိုးမေးခွန်းလေးတစ်ခွန်းဘဲဟာ ငါတို့ကဘာလို့အဲ့လောက် ကြောက်နေရတာလဲ... ကြောက်စရာပါလို့လား

သူ့အကြည့်တွေကရော ကြက်သီးထရလောက်အောင် ဘာလို့
အဲ့လောက်စူးရှနေရတာလဲ..

ဒုက္ခဘဲ ဗိုက်ထဲမှာအစာမရှိလို့များ ရုတ်တရက်ကြီးရင်တုန်လာတာလား ဒါမှမဟုတ် ကော်ဖီတွေသောက်လာလို့များလား...

အမယ်လေး ငါတို့ဒီအခန်းထဲမှာရောက်နေတာ သုံးနာရီကျော်ပြီလေ CEOရဲ့ရယ်မောသံမပြောနဲ့ အပြုံးပိစိလေးတစ်ခုတောင်မတွေ့ရသေးဘူး

ဘာလို့အဲ့လောက်ရုပ်တည်နေရတာလဲ အပြုံးချိုချိုလေးနဲ့ဆိုရင် ငါတို့ကကိုက်စားမှာမိုလို့လား ဒါမှမဟုတ် ကုမ္ပဏီရဲ့ CEOတိုင်းက ရုပ်တည်တည်ကြီးနဲ့နေရမယ်လို့ စည်းကမ်းချမှတ်ထားလို့လား

ဒါပေမယ့် ငါတို့လိုသနားစရာအင်တာဗျူး ဖြေရမယ့်သူလေးတွေကို အားပေးတဲ့အနေနဲ့ နဲနဲလေးတောင် ပြုံးပြပေးလို့မရဘူးလား.....
ကပ်စေးနဲလိုက်တာ!!!!

သေချာတာကတော့.....
ငါတို့အရင်ကကြားဖူးတဲ့အတိုင်း MYSTIQUE ရဲ့ CEOကချောသလောက် အရယ်အပြုံးမရှိဘူးဆိုတာ တကယ်မှန်နေတာဘဲ
Ice Prince (ရေခဲမင်းသား😕)

The King Of My HeartWhere stories live. Discover now