( + + + + + )
ယခင်မနက်ခင်းများနှင့်မတူ ကိုယ့်လက်မောင်းပေါ်၌ချစ်ရသူမှေးစက်နေသည်ကို ဘေးကနေ တိတ်တိတ်လေး ငေးကြည့်နေရသည်မှာ မည်သည့်အရာများနှင့်ပင်မလဲနိုင်အောင် တန်ဖိုးရှိလွန်းလှသည်။
ကျန့်ကော ...... ကျွန်တော် ကျန့်ကောကိုချစ်တဲ့စိတ်တွေက တနေ့ထက်တနေ့ပိုပိုပြီးတိုးလာနေပြီ။
ကျွန်တော့်မနက်ခင်းတိုင်းကို အခုလိုမျိုး ကျန့်ကောနဲ့အတူတူနိုးထချင်တယ်။
ကျွန်တော့်ဘဝမှာ ကျွန်တော်လိုချင်သမျှကိုရအောင် ဖြည့်ဆည်းပေးခဲ့ကြပေမယ့် ကျွန်တော့်မှာ ဘယ်သူမှမဖြည့်ဆည်းပေးနိုင်တဲ့ကွက်လပ်လေးတစ်ခုရှိခဲ့တယ်။
ဒါပေမယ့် အဲ့ကွက်လပ်လေးက အခုတော့ ကျန့်ကောကြောင့် အချစ်တွေနဲ့ပြည့်သွားခဲ့ပြီလေ။
ကျွန်တော် ကျန့်ကောကို အရမ်းချစ်တယ်။
ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးတဲ့အချစ်တွေနဲ့ ကျန့်ကောကို ချစ်မိနေတာ။
ကျန့်ကောနဲ့မတွေ့ခင်အချိန်ထိ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလောက်ချစ်တတ်လိမ့်မယ်မှန်းမသိခဲ့ဘူး။
အရင်ကတော့ အချစ်က လူတွေရဲ့စိတ်ကို ပြောင်းလဲလာစေတတ်တယ်ဆိုတဲ့စကားတွေကိုကြားရင် ဟာသတစ်ပုဒ်ကိုနားထောင်နေရသလိုဘဲ အရမ်းကိုရယ်စရာကောင်းနေခဲ့တယ်။
နောက်မှ ကိုယ်တိုင် ကိုယ်ချစ်တဲ့သူကို တွေ့တဲ့အချိန်မှ ဒီစကားက အမှန်ဆိုတာ လုံးဝနားလည်ခဲ့ရတယ်။
ကျန့်ကော ကျွန်တော်က ဘယ်သူ့ကိုမှဂရုမစိုက်တတ်ဘူးဆိုပေမယ့် ကျန့်ကောနဲ့ပတ်သက်ရင်တော့ အသေးအမွှားလေးတွေကအစ ဂရုစိုက်သတိထားနေမိမှာပါ။
ကျွန်တော်ချစ်တဲ့ ကျန့်ကောနဲ့ပတ်သက်လာရင် ဘယ်သူတွေဘယ်လိုပြောပါစေ လူတိုင်းနဲ့လည်း ကျွန်တော်ရင်ဆိုင်မှာပါ။
ကျန့်ကောစိတ်ဓာတ်ကျရင်လည်း ကျွန်တော်က ကျန့်ကောရဲ့ဘေးနားမှာနေပြီး အားပေးစကားတွေပြောမယ်။
ကျန့်ကောရဲ့ အပြုံးလေးကိုမြင်ရဖို့ နည်းအမျိုးမျိုးနဲ့ ကျွန်တော်ကြိုးစားမယ်။
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣