Part-24(💙)

5.9K 444 35
                                    

လုပ်တဲ့အလုပ် သွားတဲ့နေရာ ပြောတဲ့စကား တစ်ခုမှအဆင်မပြေသောဤနေ့သည် zhuo cheng အတွက် ကံအဆိုးဆုံးနေ့များတွင် တစ်နေ့အပါအဝင်ဖြစ်သည်။

မည်သူ့ကြောင့်ဟူ၍ တိကျသောအကြောင်းအရင်း မရှိပါဘဲ zhuo cheng ၏ရင်ထဲတွင် တစ်ခုခုကြောင့် အခဲမကျေဖြစ်နေသည့်အခါ အပြစ်မရှိသော စာရွက်ဖြူထက်၌သာ ဒေါသအပြည့်ဖြင့် စိတ်ထင်ရာလျှောက်ခြစ်နေသည့် ဆွဲလက်စစုတ်ချက်များဟာ ရုပ်လုံးကြွမလာသည့်အပြင် ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် အရူးချီးပန်းထားသကဲ့သို့ပင်။

မိမိဝါသနာပါသည့် ပန်းချီဆွဲခြင်း၌ပင် အာရုံစိုက်နိုင်စွမ်းမရှိ‌ တော့သောကြောင့် ပန်းချီဆွဲခြင်းကိုရပ်လိုက်ပြီး ညစ်ညူးနေသောစိတ်များပြေပျောက်သွားစေရန် အိမ်ရှေ့ကိုထွက်ပြီးလမ်းလျှောက်ပြန်သည်။

အဲ့လိုလျှောက်နေရင်းနဲ့မှ စိတ်ပျက်ဖွယ်ကောင်းသော မိမိ၏ တစ်နေ့တာကို ပြန်လည်တွေးတောမိသည့်အခါ မမှားသင့်သော အမှားတစ်ခုကိုယခုမှ သတိပြုမိ၏။

Liu Hai Kuan~~

ဟုတ်တယ် အဲ့လူက သူ့ကိုယ်သူ Liu Hai Kuanလို့ပြောသွားတာဘဲ။

အမှန်ဆို အဲ့အချိန်တုန်းကအဖြစ်အပျက်မှာ တကယ်တန်းမှားတဲ့သူဟာ zhuo chengသူကိုယ်တိုင်ပင်။

ဒါပေမယ့် ဘာလို့ အဲ့လူက အဲ့အချိန်မှာ သူပြောသမျှကိုငြိမ်ခံနေရတာလဲ??

ကိုယ့်ကြောင့်မှမဟုတ်တာကို မဟုတ်ဘူးလို့ပြောလိုက်ရမှာကို ဘာလို့ငအကြီးလိုနေနေရတာလဲမသိပါဘူး။

သူသာအဲ့လူနေရာမှာဆို ကိုယ်မမှားကြောင်း ပက်ခနဲပြန်ပြောမိမှာဘဲ

ဘာဘဲဖြစ်ဖြစ် အဲ့တုန်းကတော့ ကိုယ်က စိတ်တိုနေလို့ ဒီအမှားတစ်ခုကိုသတိမထားမိပေမယ့် အခုလိုသွေးအးသွားတဲ့အချန်မှာကျတော့ တစ်ဖက်လူအပေါ် ကိုယ့်အပြောအဆိုကြောင့်အားနာမိသည်။

တဖန် ကိုယ့်ကို သူက မကောင်းမြင်ပြီး အထင်သေးဝေဖန်သွားမှာလည်း ကြောက်မိပြန်သည်။

လူကဒေါသနဲ့စိတ်တိုမှုတွေမရှိတော့ပေမယ့် နေ့လည်က ကိစ္စကိုစဉ်းစားမိပြီးတဲ့အခါ တစ်ခုခုဆို ဒေါသထွက်လွယ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ဘဲ အပြစ်တင်မိတော့သည်။

The King Of My HeartWhere stories live. Discover now