Part-6(❤)

8.5K 779 42
                                    

ဝမ် စံအိမ်ရှေ့က ကားသံကို ကြားတာနဲ့ တပြိုင်နက် အန်တီယွဲ့ နဲ့ အိမ်ဖော်တချို့ဟာ သူတို့ရဲ့ သခင်လေးအလာကို ဟောခန်းထဲကနေ စောင့်ပြီးကြိုဆိုနေကြသည်

တန်ဖိုးကြီးကားပေါ်ကနေ ဝမ်ရိပေါ်ဆင်းလာပြီး ဟောခန်းထဲကိုဝင်လာတော့ အကုန်လုံးက အရိုအသေပြုကြပေမယ့်
ဝမ်ရိပေါ်သူတို့ရှေ့က ဖြတ်သွားတဲ့အချိန် အန်တီယွဲ့အပါအဝင် လူအားလုံးဟာ ရုတ်တရက်အအေးလှိုင်းဖြတ်ခံလိုက်ရသလို ခံစားချက်ကြီး ခံစားလိုက်ရတယ်

ဒါ ဘာခံစားချက်ကြီးတုန်း....တခုခုမကောင်းတာ ဖြစ်တော့မလိုဘဲ

သခင်လေးက မနက်ကတင် ငါ့ကိုနှုတ်ဆက်သွားတာ ပြုံးပြုံးရွှင်ရွှင်နဲ့ပါ

အခုပြန်လာတော့ သခင်လေးကဘာဖြစ်နေတာလဲ မျက်လုံးထဲမှာလည်း အလိုမကျမှုတွေအပြင် အနည်းငယ်ဝမ်းနည်းယောင်ပေါ်နေတယ်

အမြဲတမ်းလိုတိုင်းရ တတိုင်းရနေတဲ့သခင်လေးက ဘာလို့ ဒီလိုဖြစ်နေတာလဲ ဘာကိစ္စများရှိခဲ့လို့ပါလိမ့်

အန်တီယွဲ့လည်း မနက်ကပုံစံနဲ့လုံးဝကိုကွဲပြားနေတဲ့ သခင်လေးဝမ်ကြောင့် ဘာမကောင်းတဲ့ကိစ္စများ ဖြစ်လာခဲ့သလဲဆိုပြီး စိတ်ပူနေတဲ့အတွက် ကျန်တဲ့လူအားလုံးကို ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြလို့ ပြောကာ ဝမ်ရိပေါ်ရှိရာအခန်းထဲသို့ တက်လာခဲ့သည်

ဒေါက်...ဒေါက်

'သခင်လေး.... ကျွန်မ ဝင်လာမယ်နော်'

အန်တီယွဲ့ဟာ ဝမ်ရိပေါ်ရဲ့အခန်းတံခါးကိုခေါက်ကာ ဝင်ခွင့်တောင်းပြီးတာနဲ့ တံခါးဖွင့်ပြီး အခန်းထဲဝင်လာခဲ့သည်

ဝမ်ရိပေါ်ကတော့ ကုတ်အင်္ကျီကိုဆိုဖာပေါ်ပစ်တင်ထားပြီး တံခါးဝကိုကျောပေးပြီး ပြတင်းပေါက်ကိုငေးကာ ခါးထောက်လျက်မတ်တပ်ရပ်နေသည်

'သခင်လေး.....ဒီနေ့ ကုမ္ပဏီမှာ ဘာကိစ္စများရှိခဲ့လို့လဲ
ကျွန်မသိခွင့်ရှိမလား'

သူ့အနောက်နားမှာရပ်နေတဲ့ အန်တီယွဲ့ရဲ့အမေးကို ဝမ်ရိပေါ်ကြားပေမယ့် အတန်ကြာမှ ပြန်ဖြေခဲ့တယ်

'ဘာမှမဖြစ်ပါဘူး...ဒီအတိုင်း ကျွန်တော် နဲနဲစိတ်ရှုပ်နေလို့ပါ'

The King Of My HeartWhere stories live. Discover now