Part-33(Warning)

7.2K 416 21
                                    

စနေနေ့ နေလည် ၂နာရီ

Stellaပေးခဲ့တဲ့ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ကျန့်ကောနဲ့အတူတူသွားကြည့်ဖို့အတွင် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ တိုက်ခန်းရှေ့မှာ ကားရပ်ထားရင်း သူ့ကျန့်ကောအလာကို ကားထဲမှာစောင့်နေသည်။

သူစောင့်ရတာဘယ်လောက်မှမကြာလိုက်သေးတဲ့အချိန်မှာဘဲ ရှောင်းကျန့်က ရိပေါ်ရဲ့ ကားဘေးနားကိုရောက်လာပြီး ကားတံခါးဖွင့်ကာ အထဲကိုဝင်ထိုင်သည်။

ရိပေါ်ဟာ ရှောင်းကျန့် ကားပေါ်ရောက်တာနဲ့ ချိုသာတဲ့အပြုံးတစ်ခုဖြင့်သူ့ကျန့်ကောကို ပြုံးပြပြီး ရုပ်ရှင်ရုံဆီသို့ ကား‌ကိုမောင်းနှင်လာခဲ့သည်။

"ရိပေါ်...ဒီနေ့ ကြည့်ရတာ အရမ်းပျော်နေပါလား"

ရှောင်းကျန့်ကမေးတော့ ရိပေါ်ကကားမောင်းနေရင်း အားနေတဲ့သူ့ရဲ့တခြားလက်တစ်ဖက်နဲ့ ရှောင်းကျန့်၏လက်ကိုလှမ်းဆုပ်ကိုင်ကာဖြေသည်။

"ပျော်တာပေါ့။ဒီနေ့က ကျန့်ကောနဲ့ ကျွန်တော် ပထမဆုံးရုပ်ရှင်အတူတူကြည့်ရမယ့်နေ့လေ"

"အွမ်း။ ရုပ်ရှင်ကားနာမည်က ဘာကြီးတုန်း ရိပေါ်။"

"ကျွန်တော်လည်း အဲ့ဇာတ်ကားအကြောင်းအသေးစိတ်တောင်မကြည့်ရသေးဘူး။နာမည်ကတော့ 'LOVEX IN CRIME'တဲ့ နိုင်ငံခြားကားဘဲ"

"ဟုတ်လား။ဒါဆို မှုခင်းကားထင်တယ်။ကြည့်လို့ကောင်းမှာဘဲ။
ဒါနဲ့ ရိပေါ်....မနေ့ကလာတဲ့ ကောင်မလေးကရော အကိုတို့နဲ့အတူ ရုပ်ရှင်ကြည့်မှာလား"

"မကြည့်လောက်ဘူးထင်တယ်။ဒီလက်မှတ်နှစ်စောင်က သူ့ဘဲနဲ့သွားကြည့်မလို့ဆိုပြီး ဝယ်ထားတာ။အဲ့တာကို ဘာစိတ်ကူးပေါက်ပြီး ကျွန်တော့်ကိုပေးသွားတာလဲမသိပါဘူး"

"အဲ့ကောင်မလေးက ဘဲရှိတာလား။မထင်ရဘူးနော်။"

ရှောင်းကျန့်က တအံ့တဩပြောတော့ ရိပေါ်ဟာ ရှောင်းကျန့်ရဲ့လက်ကို တချက်တင်းတင်းဆုပ်ကိုင်လိုက်ပြီး

"ဟုတ်တယ်။မထင်ရဘူး။တခါတည်း ကျန့်ကောကို ကျွန်တော်သတိပေးထားဦးမယ်နော်။"

"ဘာကို သတိပေးမလို့လဲ😳"

"ကျန့်ကောရဲ့ အပြုံးကို ကျွန်တော်ကလွဲပြီး သူများတွေကို လုံးဝမပေးနဲ့"

The King Of My HeartWhere stories live. Discover now