Part-14(💗)

6.7K 685 70
                                    

ရှောင်းကျန့်နဲ့ zhuo chengတို့နှစ်ယောက် Home plateကိုရောက်တော့ ဆိုင်ထဲမှာ ကုမ္ပဏီက ဝန်ထမ်းတွေလည်းအစုံရောက်နေကြပြီ စားပွဲပေါ်မှာလည်း အစားအသောက်တွေ အဖျော်ယမကာတွေအပြည့်ဘဲ
ရှောင်းကျန့် သူ့ရဲ့ ရေခဲတုံးကြီးကိုရှာကြည့်လိုက်တော့ အားလုံးရဲ့အလယ်မှာ ထင်းထင်းလင်းလင်းနဲ့ခန့်ခန့်ညားညားထိုင်နေတယ်

ရှောင်းကျန့်တို့နှစ်ယောက်လည်း မန်နေဂျာကြီးရဲ့ ဘေးမှာ နေရာလွတ်နေတဲ့အတွက် အဲ့မှာဘဲဝင်ထိုင်လိုက်ကြကာ အားလုံးလည်း စကားတွေတစ်ယောက်တစ်ပေါက်ပြောလိုက် ရှောင်းကျန့်ကို ဂုဏ်ပြုကားတွေပြောလိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်စားသောက်နေကြတယ်

ဒါပေမယ့် အဲ့ထဲမှာ ဘာမှမပြောဘဲ စားစရာရှိတာစားပြီး ဝစီပိတ်ကျင့်နေတာကတော့ ဝမ်ရိပေါ်ဆိုတာ အထူးတလည်ပြောစရာမလိုပါဘူး

မန်နေဂျာကြီး အပါအဝင်ဝန်ထမ်းတွေအားလုံးကတော့ သူတို့ရဲ့ သဘောမနောကောင်းတဲ့ CEOလေးရဲ့ ပထမဆုံးအကြိမ် လုပ်ပေးတဲ့ ရှောင်းကျန့်အတွက် ဂုဏ်ပြုပွဲလေးမှာ ဘယ်သူမှ စောဒကမတက်ဘဲ အခွင့်အရေးကို အကျိုးရှိရှိအသုံးချကာ ပျော်ပါးစားသောက်နေကြတယ်

အဲ့လူတွေထဲမှာ ဝန်ထမ်းမဟုတ် ဘာမဟုတ်တဲ့ zhuo chengလည်းအပါအဝင်ပေါ့

အစားကို ဘဝလို့သတ်မှတ်ထားတဲ့ xhuo chengကတော့ စားပွဲအပြည့် အစားအသောက်တွေကြားမှာ ခေါင်းတောင်မဖော်နိုင်အောင် နတ်စည်းစိမ်ခံသလို ခံစားရင်းစားသောက်နေတယ်

ခုနက ရှောင်းကျန့် နဲ့ CEOကြားမှာ ဘယ်လိုကိစ္စတွေရှိနေလဲ ဆိုတာရအောင်စုံစမ်းမယ်ဆိုတဲ့ zhuo chengရဲ့ အစီအစဉ်ကလည်း အခုအချိန်မှာ ခဏဘေးချိတ်ခံထားရတယ်...

အေးဆေးပါ...နောက်မှပေါ့ အခုတော့ ငါ့ဗိုက်ကိုအရင်ဖြည့်ဖို့လိုတယ်
ဗိုက်ဝမှ ငါလုပ်ချင်တဲ့အလုပ်တွေအားလုံးကို အားအင်အပြည့်နဲ့ လုပ်နိုင်မှာလေ...အဲ့တော့ အစားကို နံပါတ်တစ်ဦးစားပေးရမှာပေါ့

ရှောင်းကျန့်အခု ထိုင်နေတဲ့ နေရာကသူ့အချစ်တော်ကြီး နဲ့မျက်နှာချင်းဆိုင်ဖြစ်နေတဲ့အတွက် မျက်လုံးတွေကလည်းသူ့ရေခဲတုံးကြီးရဲ့ မျက်နှာလှလှကိုလည်းမသိမသာ ခိုးခိုးကြည့်ရင်း ပါးစပ်ကလည်း အသားကင်တွေကိုတစ်ခုပြီးတစ်ခု စားနေတယ်

The King Of My HeartWhere stories live. Discover now