Part-42(🌠)

4K 296 16
                                    

Hai Kuanသည် ဤမနက်၌ သူ၏ချစ်သူzhuo chengနှင့်အတူ ရုပ်ရှင်ကြည့်ကာ မုန့်စားခဲ့ကြသည်။

သူတို့ချစ်သူနှစ်ဦးဟာ တစ်နေ့လုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် Dateလုပ်ခဲ့ကြပြီးနောက်မှာတော့hai kuanဟာ  zhuo chengကို အိမ်သို့ပြန်ပို့ပေးခဲ့၏။

ထို့နောက်တွင် hai kuanဟာလည်း မိမိအိမ်သို့ပြန်လာခဲ့သည်။

ထိုသို့ပြန်လာသောအခါ အိမ်ရှေ့ဧည့်ခန်း၌ အရာမယွင်းသေးသော အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီပူပူတစ်ခွက်ကို ကိုင်ကာထိုင်နေသည့် မိခင်ဖြစ်သူအားတွေ့၏။

သို့သော် မိခင်ဖြစ်သူမှာ မိမိဝင်လာသည်ကိုတောင် သတိထားမိပုံမပေါ်သောကြောင့် တစ်ခုခုအား အာရုံစိုက်ကာ စဉ်းစားနေပုံပေါ်၏။

ထို့ကြောင့် hai kuanဟာ သူ၏မိခင်ဘေးနားသို့ဝင်ထိုင်လိုက်ပြီး မေး၏။

"မား...ဘာတွေစဉ်းစားနေတာလဲ???"

"ဟင်...သား ဘယ်အချိန်ကတည်းကပြန်ရောက် နေတာလဲ??"

"အခုဘဲပြန်ရောက်တာပါ မား"

"ဟုတ်လား။မားလည်း တစ်ခုခုကိုတွေးနေတာနဲ့ သားပြန်ရောက်လာတာတောင် သတိမထားမိလိုက်ဘူး။

"မားက ဘာတွေတွေးနေလို့ သတိမထားမိတာလဲ။သား သိခွင့်ရှိမလား??"

"ဘာရယ်လို့တော့မဟုတ်ပါဘူး သားရယ်။မားရဲ့ သူငယ်ချင်း ...ပြောရမယ်ဆိုရင် သားရဲ့ညီလေးလိုလည်းခင်ရတဲ့ ရိပေါ်အကြောင်းပါ"

"ရိပေါ် အကြောင်း???ရိပေါ်က အခုဘာဖြစ်လို့လဲမား"

"ဘာမှမဖြစ်ပါဘူး။ရိပေါ်ရဲ့ မင်္ဂလာဆောင်အကြောင်းကိုစဉ်းစားနေတာပါ"

"ဪ....ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ မင်္ဂလာဆောင်လား"

"ဟုတ်တယ်သား။"

"ဒါနဲ့ မားက ဘာဖြစ်လို့ အဲ့အကြောင်းတွေကို ဒီလောက်တွေးနေတာလဲ။အခု လက်ထပ်ပွဲက ယောက်ျားလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲမိုလို့ မားစိတ်ထဲ မနှစ်သက်ဖြစ်နေတာလား"

"အဲ့လိုမဟုတ်ပါဘူး။မားတွေးနေတာက ရိပေါ်ရဲ့အမေဟာ သူ့သားကို မားထင်ထားတာထက် အရမ်းချစ်ပြီး နားလည်မှုရှိလွန်းလို့ပါ"

The King Of My HeartWhere stories live. Discover now