Part-28(💌)

4.6K 475 31
                                    

"အချစ်လေးရေ....မင်းမရှိတဲ့နေ့ရက်တွေဟာ
ကိုယ့်အတွက်တော့.... နွေကန္တာမှာဖြတ်သန်း‌ နေရသလို...သိပ်ကိုပူလောင်လွန်းလှ။

အငြှိုးကြီးစွာနဲ့ မင်းလေးကိုယ့်ကို ပုန်းရှောင်နေလား။

အရင်လိုပြန်ခဲ့ပါဦး...ကိုယ့်ရင်ခွင်ထဲငြိမ်းချမ်းစွာ ‌ခိုဝင်လှည့်ဦး....

ဒီလူဟာ အလွမ်းကြီးလွမ်းနေတော့....။

ပြန်ခဲ့ပါ....အမြန်ဆုံး ...ကိုယ်လွမ်းနေတော့ ...အို့..အို
ဘယ်ဆီမှာများလဲ ကိုယ့်ရဲ့ အိုအေစစ်လေးရယ်။

ဒါ ဒါ ဒါ ဒါး ဒါ.....ဒါ့ ဒါ ဒါ ဒါး ဒါ🎼..🚿"

ရေချိုးခန်းထဲတွင် သီချင်းတညီးညီးဖြင့် ရေချိုးနေသော ...ရှောင်းကျန့်။
ဆိုသမျှ သီချင်းတွေဟာလည်း အလွမ်းသီချင်း‌ဖြစ်နေသလို...ခေါင်းထဲမှ စဉ်းစာမိသမျှ ဟာလည်း အလွမ်းတေးတွေဘဲ ဖြစ်နေသောအခါ...ရင်နာနာနှင့်ပင် မုဒ်အပြည့်ဖြင့် အော်ဆိုနေတော့သည်။

"လွမ်းတယ်....."

"အရမ်းလွမ်းတယ်"

"လွမ်းလိုက်တာကွာ"

"ရိပေါ်ရေ ငါ မင်းကိုလွမ်းတယ်ဟေ့...လွမ်းတယ်ဟ....😿"

ထိုသို့ အော်လိုက် ခေါင်းလျှော်လိုက် ဆပ်ပြာတိုက်လိုက်ဖြင့်ပင် ရှောင်းကျန့်၏ ရေချိုးခြင်းသည်အလွမ်းဖြင့်ပင်နိဒါန်းချီ၍ အလွမ်းဖြင့်ပင် နိဂုံးချုပ်ခဲ့ရသည်။
.
.
.
ပါးစပ်ထဲ၌ ဘာအရသာမျှ ရှိမနေသာ ပေါင်မုန့်ပိုင်းကို ရှောင်းကျန့်ဟာ မစားချင်စားချင်နှင့် ပါးစပ်ထဲသို့အတင်းထိုးသွပ်သည်။

လည်ချောင်း၌ ကန့်လန်းခံ၍ မိမိအားဆန္ဒပြနေသော ပေါင်မုန့်ပိုင်းအချို့ကို အလွယ်တကူ မျှောကျသွားစေရန် ခွက်ထဲ၌အသင့်ရှိနေသော နွားနို့တစ်ခွက်ကို အားရပါးရမော့ချပြီးတဲ့နောက်မှာတော့ မနက်စာစားခြင်းအမှုဟာလည်း ရှောင်းကျန့်အတွက် မြန်မြန်ဆန်ဆန်နဲ့ ပြီးပြတ်သွားသည်။

နံရံပေါ်မှ နံရီက ၈နာရီအတိကိုညွှန်ပြနေသော်ငြားလည်း ရှောင်းကျန့် ကုမ္ပဏီသို့ မသွားရသေး။
ကုမ္ပဏီသွားရန် အဝတ်အစားတွေ လဲပြီးနေသော်လည်း ရှောင်းကျန့်ဟာ အလုပ်သွားရန် အာရုံမရသေးဘဲ ကုတင်ပေါ်၌ထိုင်ကာ သူ့ချစ်သူပေးတဲ့ ယုန်ရုပ်လေးကို ပွတ်သပ်ရင်း မိမိ၏မကျေနပ်ချက်တို့ကို တိုင်တန်းပြောဆိုနေသည်။

The King Of My HeartWhere stories live. Discover now