⏰...
'ဝါးးးး ၇နာရီတောင်ထိုးနေပြီလား'
ရှောင်းကျန့်လို အအိပ်မက်တဲ့လူအတွက် မနက်ခင်းစောစောစီးစီး ကြားရတဲ့အသံတွေထဲမှာ မကြားချင်ဆုံးက ဒီနှိုးစက်အသံကထိပ်ဆုံးဘဲလို့ပြောရမယ်
အခုလည်း အဆက်မပြတ်အော်မြည်နေတဲ့ နှိုးစက်အသံကို လျစ်လျူရှုကာ အိပ်ရာကထပြီး ရေချိုးခန်းထဲဝင်သွားသည်
ရေချိုးခန်းထဲမှာ သီချင်းလေးတအေးအေးနဲ့ ရှောင်းကျန့်တစ်ယောက်တည်း သာယာနေပေမယ့် အိပ်ခန်းထဲကနှိုးစက်ကတော့ မရပ်မနားအော်မြည်နေတာ လူဆိုရင် ပါးစပ်ကအမြှုပ်တောင်ထွက်လောက်ပြီထင်ရဲ့
ငါ့ကိုတစ်ယောက်ယောက်လောက် လာပိတ်ပေးကြပါလား
ငါအော်ရတာညောင်းနေပြီလေsorryဘဲ
မင်း ဘယ်လောက်ဘဲအော်နေနေ ငါဂရုမစိုက်ဘူး
အဲ့တော့ အားကုန်တဲ့အထိ အော်နေရင်လည်း အော်နေလိုက်ok!🚿
'အဟား...ချိုးလို့ကောင်းလိုက်တာ လန်းဆန်းသွားတာဘဲ'
ရှောင်းကျန့်ရေချိုးပြီးတာနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို တဘက်တထည်ပတ်ပြီး ပြန်ထွက်လာပြီးမှ စားပွဲပေါ်က နှိုးစက်နာရီကိုပိတ်လိုက်တယ်
တော်တော်အကျင့်မကောင်းတဲ့သခင်ဘဲ ငါအော်နေတာဒီလောက် ကြာပြီ အခုမှငါ့ကို လာပိတ်တယ် ဟွန့်
ရှောင်းကျန့် Zhuo chengကိုphဆက်မလို့ဆိုပြီး ကုတင်ပေါ်ကphကို ယူလိုက်ပေမယ့် သူ့phမှာဝင်ထားတဲ့ miss callတွေကိုအရင် တွေ့လိုက်ရတော့
'ဟင်...ငါ့ph noကိုသိတဲ့သူသိပ်လည်းမရှိပါဘူး
zhuo chengလား မဟုတ်လောက်ပါဘူး
ph noအသစ်ဆိုသူပေးမှာပါ
ဘယ်သူလဲဟ ထူးဆန်းလိုက်တာ'ခေါ်ထားတဲ့ph noကိုရှောင်းကျန့်သေချာကြည့်ပေမယ့် သူ့phရဲ့ contactထဲမှာ မှတ်ထားတဲ့လူတွေထဲကလည်းမဟုတ်ပြန်ဘူး
ပြီးတော့ ph noကလည်းအဆန်းကြီး ဘယ်လိုnoမှန်းမသိဘူး'နှစ်ခါမက ခေါ်ထားပုံထောက်ရင် အရေးကြီးလို့နေမယ်
မထူးပါဘူးလေ ငါပြန်ခေါ်လိုက်ပါမယ်'ရှောင်းကျန့်လည်း ခေါ်ထားတဲ့သူဘယ်သူမှန်းသိချင်တာကြောင့် ထိုph noကိုပြန်ခေါ်လိုက်တော့ တူး..တူး..တူးဆိုတဲ့အသံနဲ့အတူ အမျိုးသမီးတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရတယ်
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣