ရှောင်းကျန့် သူ့အခန်းထဲမှာ ထိုင်မရထမရနဲ့ ဟိုလျှောက်ဒီလျှောက် လုပ်နေသည်...ဒီလိုလုပ်နေတာဟာ အမှန်တော့ ရှောင်းကျန့် အရမ်းစိတ်လှုပ်ရှားနေလို့ပါ...
အခုအချိန်သူ့ရဲ့ဒီဇိုင်နာဘဝမှာ ပထမဦးဆုံးသော အောင်မြင်မှုအတွက် သူအရမ်းလည်း ပျော်ရွှင်နေသလို သူရေးဆွဲထားတဲ့ဒီဇိုင်းတွေနဲ့ ဖန်တီးလိုက်တဲ့ အဝတ်အစားတွေကို လူတွေက ကြိုက်ပါ့မလားဆိုပြီးတော့လည်း စိတ်ပူနေမိတယ်
ဒေါက်..ဒေါက်
ပျော်ရွှင်တာထက် စိတ်အပူလွန်နေသော ရှောင်းကျန့် ရုတ်တရက်ကြားလိုက်ရသော အခန်းတံခါး ခေါက်သံကြောင့် လန့်သွားပေမယ့် ခပ်မြန်မြန်ပင် တံခါးသွားဖွင့်ပေးလိုက်သည်
'CEO~~'
စိတ်ပူနေတဲ့အချိန်နဲ့တိုက်ဆိုင်စွာ မြင်လိုက်ရတဲ့ ဝမ်ရိပေါ်ရဲ့ မျက်နှာလှလှကြောင့် ရှောင်းကျန့် ရင်တွေ နှစ်ဆခုန်လာရပြန်သည်
'Congratulations ပါရှောင်းကျန့်
ဟိုနေ့ အဝတ်အစားသစ်မိတ်ဆက်ပွဲများကထဲက ရှောင်းကျန့်ဆွဲထားတဲ့ဒီဇိုင်းနဲ့အဝတ်ကို လူတွေကအရမ်းစိတ်ဝင်စားပြီးကြိုက်နေကြတာ....အခုလည်း တစ်ပတ်တောင် မပြည့်သေးဘူး ရောင်းအားက တော်တော်တက်နေပြီ''တ...တကယ်လားCEO??'
'အင်း....'
ဝမ်ရိပေါ် သူထင်ထားတဲ့အတိုင်ပင် ဒီbrandအသစ်က ရက်အနဲငယ်အတွင်းမှာ ရောင်းအားတော်တော်ကောင်းတယ်...
အခုလိုမျိုး ဝမ်းသာစရာသတင်းကိုကြားရင် ရှောင်းကျန့်အရမ်းပျော်နေမယ်ဆိုတာလည်း သူသိတယ်အဲ့ဒါကြောင့်လည်း ဒီအကြောင်းကို မန်နေဂျာနဲ့တောင်မပြောခိုင်းဘဲ ရိပေါ်သူကိုယ်တိုင် ရှောင်းကျန့် အခန်းအထိလာပြီး ပြောခြင်းပင်
ဒီသတင်းကိုကြားပြီး ဖြစ်လာမယ့် ရှောင်းကျန့်ရဲ့ မျက်နှာပေါ်က အပြုံးပန်းလေးတွေကို ရိပေါ် ဘယ်သူ့ကိုမှ မမြင်စေချင်
အကယ်၍မြင်ရင်လည်း သူတစ်ယောက်တည်းသာ မြင်ချင်တယ်မပိုင်ဆိုင်ရသေးခင်မှာတောင် ရိပေါ်ဒီလောက်ထိ အူတိုနေတာ
ရှောင်းကျန့်ရဲ့ အချစ်ကိုသာ သူပိုင်ဆိုင်ရလို့ကတော့ သေချာတယ်
ရိပေါ်ဟာ ရှောင်းကျန့်ကို ခံတွင်းထဲ ထည့်ငုံထားလို့ရရင်တောင် ငုံထားမယ့်သူမျိုး.....
YOU ARE READING
The King Of My Heart
FantasíaMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣