Part-20(💖)

5.8K 493 26
                                    

'ကျန့်ကော..'

ရှောင်းကျန့် ဒီဇိုင်းဆွဲနေတုန်း ရုတ်တရက် ကြားလိုက်ရတဲ့ အသံကြောင့် သူ့အကြည့်က တံခါးဝဆီရောက်သွားသည်နှင့်တပြိုင်နက် နှုတ်မှလည်း

'ရိပေါ်...'

'ကျန့်ကော~~~'

သူ့ရဲ့CEO ဝမ်သခင်လေးရဲ့ အနည်းငယ်ညိုးနေပုံပေါ်တဲ့မျက်နှာကြောင့် ရှောင်းကျန့်ရင်ထဲမှာ ထိတ်ထိတ်ပြာပြာဖြင့်

'ရိပေါ်...ဘာဖြစ်လာလို့လဲ မျက်နှာလည်းမကောင်းပါလား'

ရှောင်းကျန့် မေးနေတာကို ရိပေါ်က ဘာတစ်ခွန်းမှပြန်မဖြေ။

ရိပေါ်ကဘာမှပြန်မဖြေလေ ရှောင်းကျန့်ရဲ့ ရင်ထဲက စိုးရိမ်မှုဒီဂရီတွေက တဖြည်းဖြည်းနဲ့မြင့်တက်လာလေလေဘဲ...

'ရိပေါ်...ဘာဖြစ်လာလို့လဲ'

နောက်ဆုံးတော့ ရှောင်းကျန့် စိတ်ပူစွာနဲ့ တံခါးပေါက်အဝမှာဘဲ ရပ်နေတဲ့ ဝမ်ရိပေါ်ဆီ ခြေလှမ်းကျဲကြီး တွေနဲ့သွားလိုက်ကာ ရိပေါ်ရဲ့ လက်မောင်းကို အသာလှုပ်ပြီးမေးလိုက်မှ

'ကျန့်ကော...ကျွန်တော် ဂျပန်ကို အလုပ်ကိစ္စနဲ့၅ရက်လောက်သွားရမှာ'

'ဟင်....တစ်ယောက်တည်းလား.. ဘယ်သူနဲ့လဲ'

'ကျွန်တော့်အတွင်းရေးမှူးရောပါတယ်'

'အော်...ဒါနဲ့ အခု ရိပေါ်က အဲ့တာကြောင့် မျက်နှာညိုးနေတာလား'

'အင်း....ကျွန်တော် မသွားချင်ဘူး'

ကလေးတစ်ယောက်လို အဖြူစင်ဆုံးဝန်ခံလာတဲ့ ရိပေါ်စကားကြောင့် ရှောင်းကျန့် စိတ်ဆိုးရခက် နားလည်ရခက် ဆူရခက်ဖြစ်ရပြန်သည်။

'အလုပ်ကိစ္စဘဲဟာ ရိပေါ်ရယ် ပြီးတော့ ၅ရက်လေးဘဲကို ခဏလေးဘဲဟာ'

'ဟာ...ကျန့်ကောကလည်း ဘာကို ၅ရက်လေးလဲ
၅ရက်ကြီးတောင်ပါ'

'အင်းလေ...ဒါပေမယ့် အရင်ကလည်း ရိပေါ်အခုလိုမျိုးရက်ရှည်အလုပ်ကိစ္စနဲ့ ပြည်ပကို သွားနေကျမဟုတ်လား'

'အဲ့တာက အရင်တုန်းကဆိုရင်တော့ ဘာမှ မဖြစ်ဘူးလေ
ူဒါပေမယ့်အခုက မတူဘူးလေ'

The King Of My HeartWhere stories live. Discover now