'ငါ အသက်ရှိပါသေးတယ်နော် zhuo cheng'
ရင်ဘတ်ကိုလက်နဲ့ဖိ၍ ကားပေါ်မှ ယိုင်တိယိုင်တိုင်ဖြင့် ဆင်းလာသော ရှောင်းကျန့်ကြောင့် zhuo cheng အားနာပါးနာနဲ့ကူဆွဲခေါ်
ပေးလိုက်သည်'တယ်ကြောက်တတ်ရန်ကော ရှောင်းကျန့်ရယ်....
ငါမောင်းတာဖြည်းဖြည်းလေးပါကွ... ဒီနှုန်းကငါ့အတွက်တော့ မိုင်နာဘဲ ဒါတောင်မင်းနဲ့မိုလို့ ငါဒီလောက်ဘဲမောင်းတာ''ချီးဘဲ zhuo cheng ဒါလား ဖြည်းဖြည်း
မင်းကြီးတော်ကြီးကိုဘဲ ဖြည်းဖြည်း
ဒီမှာအသက်ထွက်တော့မလိုဘဲကွ'ရှောင်းကျန့်ဟာ သူ့သူငယ်ချင်းရဲ့ ထူးချွန်ပြောင်မြောက်လှသော
ကားမောင်းစွမ်းရည်ကြောင့် သေမလောက်ကြောက်ပြီး ဆဲဆိုနေပေမယ့် Zhuo chengကတော့ စိတ်မဆိုးနိုင်ဘဲ သူ့ဗိုက်ကိုသူနှိပ်ပြီး
အူလှိုက်သည်းလှိုက်ရယ်မောနေလျက်'ဟျောင့် ဘာရယ်တာလဲ မင်းတော်တော်ပျော်နေတယ်ပေါ့'
လူကစိတ်တိုနေပါတယ်ဆို ဒီလဒလေးကရယ်နိုင်သေးတယ်
ရှောင်းကျန့် စိတ်တိုတိုနဲ့ zhuo chengရဲ့ကျောပြင်ကိုတဘုန်း ဘုန်းနဲ့ထုရိုက်နေတော့ MYSTIQUE ကုမ္ပဏီရဲ့အရှေ့မှာ သိုင်းချပွဲကျင်းပနေသလိုလို ရန်ပွဲဘဲဖြစ်နေသယောင်ယောင်သူတို့နှစ်ယောက်ကိုတွေ့တဲ့လူတစ်ချို့ကလည်း ကွက်ကျိကွက်ကျိဖြင့် ထူးထူးဆန်းဆန်း ကြည့်ကာ တိုးတိုး တွတ်တွတ်နဲ့ ပြောဆိုသွားကြတယ်
'ဘာလား....ကုမ္ပဏီရှေ့ကြီးမှာ ဘာတွေဖြစ်နေကြတာလဲ'
'အေ့လေ ဘာဖြစ်လို့လဲမသိဘူး
သူတို့ စိတ်ရောမှန်ကြရဲ့လား''အင်း ရုပ်လေးတွေကသနားကမားနဲ့ သနားစရာဘဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုဖြစ်သွားကြတာ''လာ လာ ငါတို့သွားရအောင်
သူတို့ရှေ့မှာ ကြာကြာနေရင်မကောင်းဘူး''အေးအေး သွားမယ်'
ထင်မြင်ချက်အမျိုးမျိုးပေးပြီး ပြောဆိုသွားကြတဲ့ လူတွေရဲ့ စကားတွေကို အရှက်သည်းတဲ့ ကာယကံရှင်နှစ်ယောက်က ကြားရင် ရှက်လွန်းလို့ မျက်နှာကိုဘယ်နားသွားဝှက်မလဲ မသိနိုင်ပေမယ့် ဒီစကားတွေကိုသူတို့မကြားလိုက်ရတာတော့ ဝမ်းနည်းစရာဘဲ😂
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣