ည၉နာရီဆိုတဲ့အချိန်ဟာ ပုံမှန်တော့ ဝမ်ရိပေါ်ရဲ့ အိပ်ချိန်ပင်
သို့သော် ဒီညတော့ ၁၁နာရီထိုးတဲ့အထိ ဝမ်ရိပေါ် အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲမှာ ဟိုလှည့် ဒီလှည့်ဖြင့် လူးလိမ့်နေတယ်
ဟူးစ်...ဘာလို့ အိပ်မရတာလဲ
ဝမ်ရိပေါ် ဘယ်လိုမှ အိပ်မပျော်နိုင်တော့တာကြောင့် အိပ်ရာကထပြီး လာသာဆောင်ဘက်ကို ထွက်လာခဲ့တယ်
အမှောင်ယံကောင်းကင်ပေါ်မှာတော့ လခြမ်းကွေးလေးနှင့်အတူ မှိတ်တုပ်မှိတ်တုပ် ကြယ်လေးများကလည်း ဟိုတစ်ပွင့် ဒီတစ်ပွင့်ဖြင့် အစီအရီ
ဒီအချိန်ဆို သူလည်း အိပ်နေလောက်ပြီထင်တယ်
ဝမ်ရိပေါ်နှုတ်ကနေ ခပ်တိုးတိုးလေးရေရွတ်လိုက်ပြီး လက်ရန်းပေါ် သူ့လက်နှစ်ဖက်ကိုထောက်ပြီး ရပ်လိုက်တယ်
ဝမ်ရိပေါ်ရဲ့ အကြည့်တို့က ကောင်းကင်ပေါ်ကကြယ်လေးတွေဆီမှာ
သို့သော် သူ့အာရုံထဲမှာတော့ နေ့လည်က အဖြစ်အပျက်တွေဟာ ပြဇာတ်တစ်ပုဒ်သဖွယ် တစ်ခုပြီး တစ်ခု အစီအရီပေါ်လာတယ်
သူရုတ်တရက်တံခါးဖွင့်လိုက်မိလို့ လန့်ပြီး နောက်လန်ကျတော့မယ့် ရှောင်းကျန့် ကိုမြင်လိုက်တုန်းက သူဘယ်လောက်ထိ စိတ်ပူသွားလဲ ဆိုတာ သူ့ကိုယ်သူသာ အသိဆုံး
သူ့ကြောင့်သာ ရှောင်းကျန့် အနာတရဖြစ်သွားခဲ့ရင် ဝမ်ရိပေါ် သူ့ကိုယ်သူ ဒေါသထွက်လို့ဆုံးနိုင်မည်မထင်
သူရဲ့ လက်တွေက ရှောင်းကျန့်ရဲ့ခါးကို ကိုင်ထားတယ်ဆိုတဲ့ အသိကလည်း ဝမ်ရိပေါ်ရဲ့ ထိန်းချုပ်နိုင်စွမ်းအားတွေကို တမုဟုတ်ချင်း လျော့ကျသွားစေတယ်
အထူးသဖြင့် ရှောင်းကျန့်ရဲ့ အံ့သြမှုနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေအပြင် အနဲငယ်ပွင့်ဟနေတဲ့ နီစွေးစွေးနှုတ်ခမ်းဖူးလေးတွေကိုမြင်တော့ ဝမ်ရိပေါ်ရဲ့ အသိစိတ်တို့ ခဏတာလွတ်ထွက်သွားသလို ...
အဲ့အချိန် ငါ့မျက်လုံးထဲမှာ ရှောင်းကျန့်ကလွဲပြီး ဘာကိုမှ မမြင်တော့ဘူး👁
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣