Part-29(💕)

4.7K 482 57
                                    

အော်....fa... faဆိုတဲ့ဘဝကြီးဟာ တော်တော့်ကိုခံရ ခက်ပြီးနာကြည်းစရာကောင်းပါလား။😩

အထူးသဖြင့် ကိုယ့် သူငယ်ချင်းက rsဖြစ်ပြီး သူ့ရည်းစားနဲ့ ကလူကျီစယ်နေတဲ့ စကားတွေကို နားကြားပြင်းကပ်ဖို့ကောင်းအောင် နားထောင်ရတာလောက် စိတ်နာဖို့ကောင်းတာမရှိဘူး။

ဘာတဲ့....ပြန်လာချင်နေပြီ။အရမ်းလွမ်းနေတာ။

အကိုလည်း ရိပေါ်ကိုလွမ်းနေတာဆိုဘဲ။

အဟား။စောက်ပိုတွေ။အလကား..ပါးစပ်အရသာခံပြီး ပြောနေကြတာ။😒

ဝမ်ရိပေါ်လိုCEOကို ဒီလိုအရိုတစ်လိုင်းပြောတတ်လိမ့်မယ်လို့ မထင်ခဲ့မိတာ ငါ့အမှား။

ရှောင်းကျန့်လို ကိုယ့်သူငယ်ချင်းက ရိုးရိုးအေးအေးဂေါ်မစွံတဲ့လူလို့ ထင်ခဲ့မိတာကတော့ ငါ့ရဲ့ မဟာအမှားဘဲ။

အမယ်လေး။အဲ့အကြောင်းတွေကိုပြန်တွေးတိုင်းအန်ချင်လိုက်တာ

ဝေါ့ ....ဝေါ့🤮🤮

"Zhuo cheng ညီဘာဖြစ်တာလဲ....အန်ချင်လို့လား"

ဒီနေ့ကျမှ ကားမယူလာမိတဲ့အတွက်  အိမ်အပြန်လမ်းကို တစ်ယောက်တည်း လမ်းလျှောက်ရင်း
စောက်ရမ်းအကဲပိုလွန်းလှတဲ့ သူ့သူငယ်ချင်းတို့အတွဲကို အားရပါးရကျိန်ဆဲကာ တဝေါ့ဝေါ့နဲ့ ဖြစ်နေတဲ့ zhuo cheng....

ကံဆိုးလွန်းလှစွာပင် သူ့ရှေ့ကို တည့်တည့်ရောက်လာတဲ့ liu Hai Kuan။

ဘယ်လိုတောင်လား။သူစိတ်တိုနေတဲ့ အချိန်ဆို ဘာလို့ ဒီလူနဲ့ဘဲ လာတွေ့နေရတာလဲ။

"ကျွန်တော်ဘာမှမဖြစ်ပါဘူး။ရပါတယ်"

"ဟုတ်လို့လား။ကိုယ်ဆေးတွေဘာတွေသွားဝယ်ပေးရမလား"

ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ သူစိမ်းတစ်ဖြစ်လဲ မိတ်ဆွေတစ်ယောက်ကတောင် ကိုယ့်ကို ပြာပြာသလဲနဲ့ စိတ်တွေပူနေလိုက်တာ။

ရှောင်းကျန့် မင်းကတော့ ငါ့သူငယ်ချင်းဖြစ်ပြီး ငါ့ကိုသွေးအန်ပြီး သေအောင်လုပ်တဲ့ကောင်ဘဲ။

ငါဆုတောင်းတယ်။ မင်းတို့အတွဲ မကြာခင် ပြတ်ပါစေလို့ ။အေ ...အဲ့အချိန်ကျမှ ငါ့ဆီငိုယိုပြီးလာရဲလာကြည့်။မင်းဖင်ကြီးကိုဘဲ ဆယ်ချက်မကစောင့်ကန်ပစ်ပြီး လက်သီးတွေဘဲပိတ်ကျွေးပစ်မယ်👿

The King Of My HeartWhere stories live. Discover now