Part-10(🌚)

9.4K 775 96
                                    

'ငါ မြန်မြန် ငါ့တိုက်ခန်းကို ပြန်ရောက်ချင်နေပြီ😖'

'ငါ ဘယ်တော့မှ အဲ့ရေခဲတုံးအနား မကပ်ဘူး'

'ဒါ သူ့ငါ့ကို သက်သက်လုပ်ကြံတာ...လုပ်ကြံဇာတ်လမ်းထွင်တာ'

'အား...ဒါပေမယ့် သူက ဘာလို့ အဲ့လောက်ကြည့်ကောင်းနေတာလဲ😣'

ရှောင်းကျန့် ဒီဇိုင်းဆွဲနေတာကို အာရုံမရောက်ဘဲ စာရွက်ပေါ် ဟိုခြစ်ဒီခြစ်လျှောက်ခြစ်ကာ ပါးစပ်ကလည်း ပွစိပွစိရွတ်နေတယ်

နောက်တော့ ဘာပုံမှကောင်းကောင်းမထွက်လာဘဲ မူကြိုကလေး ပုံဆွဲထားသလို ဖြစ်နေတဲ့ ဒီဇိုင်းစာရွက်ကို လုံးချေလိုက်ပြီး စိတ်တိုတိုနဲ့ တံခါးပေါက်ဆီကို အားရပါးရ လှမ်းပစ်လိုက်သည်

'သွား...အကုန်သွား'

ရှောင်းကျန့်က ဘာကိုစိတ်ခုသွားလို့ ရုတ်တရက် ထွက်သွားရလဲဆိုတော မသိတဲ့ရိပေါ်..

အကြောင်းအရင်းကိုသိအောင်မေးချင်ပေမယ့် ၁၀နာရီခွဲမှာ ရှယ်ယာရှင်တွေနဲ့ အစည်းအဝေးရှိတဲ့အတွက် ရှောင်းကျန့်ကိုမမေးဖြစ်ခဲ့..

ဒါကြောင့် ရိပေါ် အစည်းအဝေးပြီးပြီးချင်း စားပွဲပေါ်က ရှောင်းကျန့်ထားခဲ့တဲ့ ဒီဇိုင်းစာရွက်တွေကို အထူးတလည်ကြည့်မနေတော့ဘဲ ဒီအတိုင်းကောက်ယူလိုက်ကာ ရှောင်းကျန့်အခန်းဆီ ထွက်လာခဲ့တယ်

ရိပေါ်လက်ထဲက စာရွက်တွေကို မကြည့်လည်း ဒီမှာဆွဲထားတဲ့ ဒီဇိုင်းတွေက အရမ်းကို မိမိုက်နေမှာသေချာတယ်

ဘာလို့လဲဆို ဒီ ဒီဇိုင်းတွေကို ရှောင်းကျန့်ဆွဲထားတာမိုလို့လေ..

ရှောင်းကျန့်လက်နဲ့ ကိုယ်တိုင်ဆွဲထားတဲ့ ဒီဇိုင်းတွေက အပြစ်ပြောစရာမလိုအောင် ချွင်းချက်မရှိ လှပကောင်းမွန်နေမယ်ဆိုတာ ရိပေါ်သိတယ်

ပြီးတော့ ဒီစာရွက်တွေကို အကြောင်းပြပြီးပြောမှ ရှောင်းကျန့် ဘာဖြစ်သွားတာလဲဆိုတာ ရိပေါ်သိနိုင်မှာလေ
.
.
သို့သော် ရှောင်းကျန့် အခန်းတံခါးကို ခေါက်ကာ တံခါးဖွင့်ပြီးဝင်လာတဲ့အခါ ရင်ဘတ်တည့်တည့်ကို ပစ်လာတဲ့ စက္ကူလုံးတစ်ခုနှင့်အတူ သူ့ရဲ့ ယုန်ဖြူလေးရှောင်းကျန့်ရဲ့ 'သွား'ဆိုတဲ့ အသံကျယ်ကြီးကို ကြားလိုက်ရတော့ ဝမ်ရိပေါ် ထိတ်ထိတ်ပြာပြာဖြစ်သွားကာ

The King Of My HeartWhere stories live. Discover now