Part-16(♥)

6.7K 595 20
                                    

ညနက်နေပေမယ့် အခုချိန်ထိ ပြန်မရောက်သေးတဲ့ သခင်လေးဝမ်ရိပေါ်ကြောင့် ဝမ်တစ်အိမ်သားလုံးက စိတ်ပူနေကြတယ်..အဲ့အထဲမှာ အန်တီယွဲ့ကတော့ စိတ်အပူဆုံးပေါ့...

အိမ်ပြန်နောက်ကျလေ့မရှိတဲ့ ရိပေါ်က ဒီနေ့မှဘာကိစ္စတွေများရှိနေလို့လဲ
ညစာစားပွဲတွေဘာတွေများရှိနေလို့လား ဒါပေမယ့် ဒီနေ့ ရိပေါ်က ထူးထူးဆန်းဆန်း သူ့ဒါရိုင်ဘာကိုတောင် အိမ်ပြန်လွှတ်လိုက်တယ်ဆိုတော့ ဘယ်တွေများသွားစရာရှိနေလို့လဲ....

ကိုယ့်အတွေးနဲ့ကိုယ်စိတ်ပူနေရင်းအန်တီယွဲ့ဟာ ဝမ်ရိပေါ် မှာမကောင်းတဲ့ကိစ္စတွေတော့ မရှိပါစေနဲ့လို့လည်းဆုတောင်းနေတယ်

၈နာရီထိုးခါနီးကျတော့ ဝမ်အိမ်က အစေခံတွေအားလုံးကို အန်တီယွဲ့ပြန်အနားယူခိုင်းလိုက်ပြီး ဧည့်ခန်းထဲမှာ သူတစ်ယောက်တည်း လမ်းလျှောက်ရင်း ဝမ်ရိပေါ်ပြန်အလာကို လည်တဆန့်ဆန့်နဲ့ စောင့်မျှော်နေတယ်

🕘

'၉ နာရီတောင်ထိုးနေပြီ.... သခင်လေး ဘယ်တွေများသွားနေတာလဲ
ငါphဆက်ကြည့်ရင် ကောင်းမယ်ထင်တယ်'

အန်တီယွဲ့ဟာ ရိပေါ်ကို phဆက်မလို့ လုပ်နေတဲ့အချိန်မှာဘဲ ရိပေါ်ရဲ့ကားဟာ အိမ်ရှေ့မှာ ရပ်သံကိုကြားလိုက်တော့ ကားပေါ်ကတောင်မဆင်းလာသေးတဲ့ ရိပေါ်ဆီ အပြေးသွားလိုက်တယ်

'သား....ဒီနေ့ နောက်ကျလှချည်လား'

ကားတံခါးဖွင့်လိုက်တာနဲ့ ဘေးနားကိုအပြေးရောက်လာပြီး ပြောတဲ့အန်တီယွဲ့ကိုမြင်မှ ရိပေါ် ဒီနေ့ညအိမ်ပြန်နောက်ကျမယ့်အကြောင်း အန်တီယွဲ့ကိုပြောဖို့မေ့သွားမှန်းသတိရမိတယ်

'အာ..တောင်းပန်ပါတယ် အန်တီယွဲ့..ဒီညက ဂုဏ်ပြုပွဲတစ်ပွဲရှိလို့ နောက်ကျသွားတာ'

'တော်သေးတာပေါ့ အန်တီယွဲ့ကစိတ်ပူနေတာ'

သူ့မားမားက သူ့ဘေးမှာအချိန်ပြည့်ဂရုမစိုက်ပေးနိုင်ပေမယ့်လို့ အခုလိုမျိုး သွေးမတော်သားမစပ်တဲ့ အန်တီယွဲ့ကတော့ သူ့ကို သားတစ်ယောက်လိုစိတ်ပူပြီး ဂရုစိုက်ပေးတဲ့အတွက် ရိပေါ်အတွက်တော့ အန်တီယွဲ့က ဒုတိယအမေတစ်ယောက်လိုပင်

The King Of My HeartWhere stories live. Discover now