ပထမတစ်ကြိမ် ရှောင်းကျန့်ရဲ့ တိုက်ခန်းကို ရောက်ခဲ့တုန်းကထက် အခုတကြိမ်မှာတော့ ရိပေါ်တော်တော်လေးစိတ်လှုပ်ရှားနေသည်။
စိတ်သက်သာလို သက်သာငြား လေပူတစ်ချို့ကို အားရပါးရမှုတ်ထုတ်လိုက်ပြီးမှ ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ တံခါးဘဲလ်ကိုနှိပ်လိုက်သည်။
သူနှိပ်လိုက်ပြီးမကြာမီပင် တံခါးပွင့်သွားပြီး သူ့အချစ်တော် ကျန့်ကောရဲ့ မျက်နှာကို တွေ့တာနဲ့တပြိုင်နက် ဝမ်ရိပေါ်ရဲ့ မျက်နှာထက်မှာလည်း ချိုမြတဲ့ အပြုံးတစ်ခုဖြင့်...
ရှောင်းကျန့်ကတော့ သူ့ရှေ့မှာမြင်နေရတဲ့ ဝမ်ရိပေါ်ကို ဘာစကားမှမပြန်မပြောနိုင်သေး..သူ့တိုက်ခန်းထဲသို့လည်း ဝင်ပါဦးလို့ မခေါ်နိုင်သေးပေ။
သူ့ထက် အသက်ခြောက်နှစ်လောက်ငယ်တဲ့ ရိပေါ်ကိုသာ ရှောင်းကျန့် ခေါင်းအစခြေအဆုံး တအံ့တသြဖြင့်သေချာကြည့်လျက်
*ဒါ ...ငါမြင်ဖူးတဲ့ ရေခဲကိုယ်တော် ဟုတ်ပါစ...
ဒါမှမဟုတ် ငါ့အမြင်တွေပြောင်းလဲသွားလို့ ရေခဲကိုယ်တော်ရဲ့ ငယ်ငယ်တုန်းကပုံစံကိုပြန်မြင်နေရတာလား **ရှောင်းကျန့်တွေးရင်လည်း တွေးချင်စရာပင်
ရိပေါ်ရဲ့အခုပုံစံက ရှောင်းကျန့်မြင်နေကျ ဂုဏ်သရေရှိရှိ သြဇာအပြည့်နဲ့ CEOတစ်ယောက်ရဲ့ စမတ်ကျကျပုံစံမှမဟုတ်ဘဲ။ဖြူစွတ်နေတဲ့ T-shirtအင်္ကျီပေါ်မှာမှ မိုးပြာရောင် ရှပ်အင်္ကျီတစ်ထည်ကို ကြယ်သီးမတပ်ဘဲ ဒီအတိုင်းထပ်ဝတ်ထားသည်။
ရှပ်အင်္ကျီလက်ရှည်အဖျားတွေကို တံတောင်ရောက်တဲ့အထိ ခေါက်တင်ထားသည်မှာ ရိပေါ်ရဲ့လက်မှသွေးကြောစိမ်းစိမ်းလေးတွေတောင် အထင်အရှားမြင်နေရသည်။အောက်မှာဝတ်ထားတဲ့ ဒူးလောက်ထိဘဲရှည်တဲ့ ဘောင်းဘီတိုအမည်းက ယောကျာ်းတန်မဲ့ အမွှေးအမျှင်ကင်းကာ ဖြူဝင်းနေတဲ့ ရိပေါ်ရဲ့ အသားအရည်ကို ပိုမိုပေါ်လွင်နေစေသည်။
နဖူးပေါ်ဝဲကျနေတဲ့ ခပ်အုပ်အုပ်ဆံပင်တွေကလည်း မိန်းကလေးတွေလို အထူးတလည်မိတ်ကပ်လိမ်းနေစရာမလိုဘဲ ရိပေါ် ရဲ့မျက်နှာကို ကြည်လင်ရှင်းသန့်ကာအပြစ်ကင်းပြီး လူငယ်ဆန်နေစေပြန်သည်။
YOU ARE READING
The King Of My Heart
FantasiaMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣