Part-37(❣️)

4K 331 27
                                    

ဟိုတယ်ပြတင်းတံခါးမှတစ်ဆင့် လိုက်ကာကိုထိုးဖောက်ကာ မိမိမျက်လုံးအိမ်ဆီသို့ တည့်တည့်မတ်မတ် စူးရှဖြာကျလာသော နေရောင်ခြည်ကြောင့် Zhuo chengဟာ အိပ်ပျော်နေရာမှ ‌နိုးလာခဲ့သည်။

"အ!!!!ခေါင်းတွေကိုက်လိုက်တာ"

နိုးနိုးချင်း ခေါင်းထဲကနေ တစ်ဆစ်ဆစ်ဖြင့် ထိုးကိုက်လာမှုကြောင့် zhuo chengဟာ မျက်လုံးကိုအတော်ကြာမှ အားယူဖွင့်နိုင်ခဲ့သည်။

"ဒါ ...ဒါ ဘယ်နေရာကြီးတုန်း။ငါ အခုဘယ်ရောက်နေတာလဲ"

မိမိအိပ်ခန်းနှင့် မတူကွဲပြားနေတဲ့ အခန်းအပြင်အဆင်ကြောင့် zhuo chengဟာ ကြောင်အမ်းအမ်းဖြင့် အိပ်ရာမှအမြန်ထဖို့ကြိုးစားသည်။

သို့သော် စောင်ကိုခွာလိုက်တာနဲ့ အပေါ်ပိုင်းတစ်ပိုင်းလုံး အေးစက်နေသော မိမိခန္ဓာကိုယ်ကြောင့် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိတော့

"ဟင်!!!!ဒါ...ဘယ်လိုဖြစ်နေတာလဲ။ငါ့ ...ငါ့အဝတ်အစားတွေရော ဘယ်ရောက်ကုန်ပြီလဲ"

ခန္ဓာကိုယ်တစ်ခုလုံးတွင် အဝတ်အစားဆိုလို့
အောက်ပိုင်း၌ဝတ်ထားသော အတွင်းခံ ဘောင်းဘီတစ်ထည်သာရှိတော့တဲ့အတွက်ကြောင့် Zhuo chengဟာ စောင်ကိုပြန်ဆွဲယူကာ မိမိကိုယ်ကို လုံခြုံစေရန်ဖုံးအုပ်လိုက်သည်။

"ငါ ဘာလို့ ဒီကို ရောက်နေတာလဲ။ပြီးတော့ ဘာလို့ ငါက အခုလိုပုံဖြစ်နေတာလဲ။
အယ်..မဟုတ်မှလွဲရော သတင်းတွေထဲကလို..ငါ အခု သူများ နိုင်ငံကို လိင်ကျွန်အဖြစ်နဲ့ လူကုန်ကူးခံနေရတာလား။🤪
အား။မဖြစ်ဘူး။လုံးဝ မဖြစ်ဘူး။
ကယ်ကြပါဦး။ကျွန်တော့်ကိုကယ်ကြပါဦး"

Zhuo chengဟာ ကုတင်ပေါ်ကနေမဆင်းဘဲ ကြောက်လန့်တကြားဖြင့် အာခေါင်ခြစ်ကာ အော်ဟစ်နေသလို စိတ်ထဲမှလည်း သူ့ကိုတစ်ယောက်ယောက်လာကယ်ဖို့ ဆုတောင်းနေသည်။

မကြာပါဘူး။သူ့အခန်းထဲသို့ အပြေးအလွှားဖြင့် ဝင်ရောက်လာသည့် လူတစ်ယောက်။

"ညီ...ဘာဖြစ်လို့လဲ။တစ်ခုခုဖြစ်လို့လား"

Zhuo chengဟာလည်း သူ့ကို ကယ်ဖို့ရောက်လာသည့်လူက သူ့အချစ်တော်အကို kuanဖြစ်နေသည့်အတွက် အလွန်ဝမ်းသာသွားသည်။

The King Of My HeartWhere stories live. Discover now