"အယ် !!ရိပေါ်"
မိမိရုံးခန်းထဲသို့ အသံမပေးဘဲရုတ်တရက်ဝင်ရောက်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့်အလန့်တကြားဖြစ်သွား၏။
"ကျန့်ကော လန့်သွားတာလား"
"နည်းနည်းပါ။ ဒါနဲ့ဘာဖြစ်လို့လဲ ရိပေါ်။ဘာပြဿနာရှိလို့လဲ"
"ဟိုလေ ...ကျွန်တော်တို့ Pinghuသွားရအောင်"
"Pinghuကို သွားမယ်!!!ဘာလို့သွားမှာလဲ။အလုပ်ကိစ္စရှိလို့လား"
"အလုပ်ကိစ္စမဟုတ်ပါဘူး။ကျန့်ကောမိဘတွေနဲ့ သွားတွေ့မလို့လေ"
ဟုတ်သား။ သူနဲ့ရိပေါ်ရဲ့အကြောင်းကို မိဘတွေကိုတောင်အခုထိမပြောပြရသေးဘူးဘဲ။🙁
"ဘယ်နေ့သွားမယ်လို့စဉ်းစားထားလဲ ရိပေါ်က"
"အဆင်ပြေမယ်ဆိုရင်တော့ ဒီနေ့ဘဲ။"
"ဟမ်။ဒီနေ့!!!!😳"
ထိုသို့ဖြင့် ရှောင်းကျန့်နဲ့ရိပေါ်တို့နှစ်ဦးစလုံးဟာ ရှောင်းကျန့်၏မိဘတွေကိုသွားတွေ့ဖို့အတွက် Pinghuသို့ လေယာဉ်ဖြင့်ထွက်လာခဲ့ကြသည်။
"ကျန့်ကော"
"ဟင်.."
"ကျန့်ကောမိဘတွေက ကျွန်တော့်ကိုတွေ့လို့ ဘယ်လိုပတ်သက်လဲလို့မေးရင် ကျန့်ကောဘယ်လိုပြန်ဖြေမှာလဲဟင်"
ရိပေါ်ဘက်က မျှော်လင့်တကြီးမေးလာသည့်မေးခွန်းကို ရှောင်းကျန့်မဆိုင်းမတွပင်ပြန်ဖြေလိုက်သည်။
"ချစ်သူတွေလို့ဘဲပြန်ဖြေမှာပေါ့ ရိပေါ်ကလည်း"
ရှောင်းကျန့်အဖြေကိုကြားတော့ ရိပေါ်က တအံ့တဩဖြင့် ကြည့်ကာရှောင်းကျန့်၏ပါးနှစ်ဖက်ကိုလက်ဖဝါးနှစ်ဖက်ဖြင့် ညင်ညင်သာသာဆုပ်ကိုင်ပြီးပြော၏။
"ကျန့်ကောက တကယ်အဲ့လိုပြောမှာလား။ဒါပေမယ့် ကျန့်ကောမိဘတွေက သဘောမတူလို့ ကျန့်ကောကို စိတ်ဆိုးပြီးရိုက်ရင် ဘယ်လိုလုပ်မလဲ"
"ဟားဟားးရိပေါ်ရယ်။အဲ့လိုရိုက်ရအောင် အကိုက ကလေးမှမဟုတ်တာ"
"ကလေးမဟုတ်ရင် ရိုက်လို့မရဘူးပေါ့"
ရိပေါ်က မကျေမနပ်ဖြင့် ပြောလည်းပြော လက်တစ်ဖက်ကလည်း ရှောင်းကျန့်၏ ဘက်ဘက်တင်ပါးကို ခပ်ဖွဖွရိုက်လိုက်၏။
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣