Part-21(💕)

5K 397 14
                                    

တော်တော်ကောင်းတဲ့ သူငယ်ချင်းကြီး ရှောင်းကျန့်

သူ့လူနဲ့ အဆင်ပြေသွားတော့ ငါ့ကိုစောက်ဂရုတောင်မစိုက်တော့...

အရင်လို phတောင်တချက်လေး မခေါ်တော့ဘူး။

တော်တော်ကို....ကျေးဇူးသိတတ်တဲ့ကောင်

အလကားကောင်..ခွေးကောင် အစုတ်ပလုတ်
ငါ့ကိုပစ်ထားပြီး တခြားတစ်ယောက်နဲ့ တော်တော်ပျော်မြူးနေတယ်

😤
zhuo chengဟာ လက်တစ်ဖက်က သူဆွဲထားတဲ့အချောသတ်ပြီးပန်းချီကားတစ်ချပ်ကိုထည့်ထားတဲ့ အိတ်ကိုကိုင်ရင်း..တစ်ဖက်ကလည်း သရဲခြောက်မတတ် တိတ်ဆိတ်နေတဲ့ သူ့သူငယ်ချင်းဆီကph အဝင်ကော ကိုကြည့်ကာ ပွစိပွစိရေရွတ်ရင်း လမ်းလျှောက်လာသည်။
.
.

ခွပ်!!! ဟာ..

'sorry...sorry..ကျွန်တော် မတွေ့လိုက်လို့ပါ'

'ခင်များ... ဘာပြောလိုက်တယ်... မတွေ့ဘူးဟုတ်လား
ခင်များမှာ မျက်စိမပါဘူးလား..ဟမ်..ကန်းနေတာလား
လူတစ်ယောက်လုံးလာနေတာကိုတောင်မမြင်ဘူးလား'

ဘယ်လိုကံဆိုးမှုတွေက ငါ့ဆီကို ရောက်နေတာလဲ

ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုမေ့ပြီး တခြားတစ်ယောက်နဲ့ ပျော်ပါးနေလို့ ဒေါသထွက်ပါတယ်ဆို...

ကိုယ်တသေတချာ စိတ်ဝင်တစားနဲ့ဆွဲထားတဲ့ ပန်းချီကားကလည်း အခုတော့ သူ့ရှေ့က လူနဲ့ဝင်တိုက်တာကြောင့် ကွဲသွားပြီ။

zhuo cheng ဟာ ဒေါသအပေါ် ဒေါသထပ်ဆင့်ကာ စိတ်အခြေအနေက လုံးဝကိုပေါက်ကွဲတော့မယ့် အန္တရာယ်ရှိ ဗုံးတစ်လုံးသဖွယ်ပင်

zhuo chengဟာ ဒေါသကြောင့် သူ့မျက်ခုံးနှစ်ဖက်က ထိတိုက်လုနီးပင်ရှိလျက်

သူနဲ့ ဝင်တိုက်မိတဲ့လူကိုလည်း ရက်ရက်စက်စက်သတ်ပစ်တော့မည့် လူမိုက်တစ်ယောက်ကဲ့သို့ အကြည့်ဖြင့် ကြည့်နေသည်။
😡
.
.
.
ဝင်တိုက်မိတဲ့လူခမျာမှာလည်း zhuo chengကို ဘယ်လိုစကားနဲ့ အဘယ်သို့နားဝင်အောင် ပြန်လည်တောင်းပန်ရမှန်းပင်မသိနိုင်ခဲ့။

အမှန်တော့ zhuo chengက phကိုသာ အာရုံစိုက်နေပြီး ပတ်ဝန်းကျင်ကိုသတိမထားမိဘဲ လမ်းလျှောက်လာတဲ့အတွက် တခြားလူကိုဝင်တိုက်မိပြီး အခုလိုမျိုး ပန်းချီကားက ပြုတ်ကျသွားရခြင်း...

The King Of My HeartWhere stories live. Discover now