Part-7(💖)

8.7K 857 47
                                    

ဒီမနက်တော့ နှိုးစက်မမြည်ခင်ကတည်းက ရှောင်းကျန့်တက်ကြွစွာပင် နိုးလာခဲ့သည်

'ဝါးးးး အိပ်လို့ကောင်းလိုက်တာ'

နှိုးစက်သံမကြားရတာလည်း ရှောင်းကျန့်အတွက်တော့ တကယ့်ကိုမင်္ဂလာတစ်ပါးဘဲ

ဒီမနက်ခင်းလေးဟာ ရှောင်းကျန့်အတွက် စိတ်လှုပ်ရှားမှုအသစ်တွေကိုပေးစွမ်းတော့မယ့်နေ့လေးတစ်နေ့...

ဘာလို့လဲဆိုတော့ မင်းတို့သိတဲ့အတိုင်း ဒီနေ့က ငါ့ရဲ့ ပထမဦးဆုံးနာမည်ကြီးMYSTIQUEကုမ္ပဏီမှာ အလုပ်ဆင်းမယ့်နေ့လေးလေ

ငါအရမ်းစိတ်လှုပ်ရှားနေပြီ...

စိတ်လှုပ်ရှားလွန်းလို့ ညကတည်းကတော်တော်နဲ့ အိပ်လို့တောင်မပျော်ဘူး

မနက် ၂နာရီထိုးမှဘဲ ဒီပြူးကျယ်ကျယ်မျက်လုံးက မှေးစင်းပြီး အိပ်ပျော်သွားတယ်

အလုပ်သွားရင်တော့ ငါ့ရဲ့မျက်ကွင်းတွေလည်းညိုနေလောက်ပြီထင်ရဲ့

တော်ပါပြီ မင်းတို့နဲ့ ဆက်မပြောတော့ဘူး...
ငါလုပ်စရာရှိတာဘဲလုပ်တော့မယ်
မဟုတ်ရင် ပထမဦးဆုံးနေ့လေးမှာတင် ငါအလုပ်နောက်ကျနေလို့
ရေခဲတုံးကြီးရဲ့ အဆူကိုခံနေရဦးမယ်

ရေခဲတုံး???

မေးတတ်တယ်နော် .. ရေခဲတုံးက ဘယ်သူလဲဟုတ်လား??

ဘယ်သူရှိရမှာလဲ...ဟိုCEOပေါ့

ရုပ်လေးနဲ့မှမလိုက် အေးစက်စက်အပြုအမူတွေနဲ့ ပုံစံကိုကလုံးဝ အချေ...

ငါပေးထားတဲ့နာမည်နဲ့ သူနဲ့လိုက်တယ်မဟုတ်လား

နောက်ပြီး အဲ့ကောင်လေးရဲ့နှလုံးသားကလည်း လူတစ်ယောက်ရဲ့ ခံစားတတ်တဲ့ နှလုံးသားမဟုတ်လောက်ဘူး....

ကျောက်သားကို ထုပြီး အစားထိုးထားတဲ့ ကျောက်တုံးနှလုံးသားဘဲ ဖြစ်မယ်🤔

ငါပြောတာမင်းတို့ဘယ်လိုထင်လဲ မှန်တယ်မဟုလား???

ကဲပါ တော်ပါပြီ..မပြောတော့ဘူး

The King Of My HeartWhere stories live. Discover now