Part-26(💚)

4.9K 421 26
                                    

ရှောင်းကျန့်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ zhuo chengဟာ သူ့အိမ်ကို ကားနဲ့ပြန်လာခဲ့သည်။

သို့သော် ကံကောင်းသည်လား ကံဆိုးသည်လားတော့မသိ

အဲ့လိုပြန်လာနေရင်း တစ်‌နေရာ‌အရောက်မှာ မတ်တပ်ရပ်ပြီး တစ်ယောက်ယောက်ကိုစောင့်နေပုံပေါ်တဲ့ လူတစ်ယောက်ကိုzhuo chengတွေ့တော့ အံ့ဩဝမ်းသာပြီး ယောင်ယမ်းကာဖြင့် ကားဘရိတ်တောင်ဆောင့်အုပ်မိခဲ့သည်။

ထိုလူရှိရာသို့ zhuo cheng ဟာကားကိုမောင်းသွားခဲ့သည်။

ကားပေါ်ကနေ zhuo chengဆင်းလာတဲ့အချိန်ထိ ထိုလူဟာ သူ့ကိုသတိမထားမိသေး။

Zhuo chengဟာ လည်ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"အဟမ်း။ခများက ဟိုနေ့ကကျွန်တော်နဲ့ဝင်တိုက်မိတဲ့ liu hai kuanဆိုတဲ့လူမဟုတ်လား"

Zhuo chengမေးလိုက်တော့ ထိုလူက အရင်ဆုံး အံ့ဩသလိုကြည့်နေရင်း နောက်မှ သဘောတကျပြုံးရယ်ပြန်သည်။

"မင်း ကိုယ့်နာမည်ကိုမှတ်မိသားဘဲ"

"အင်းမှတ်မိတယ်
ကျွန်တော် အဲ့နေ့ကကိစ္စနဲ့ပတ်သက်ပြီး ခများကိုပြောစရာရှိလို့"

"အော် ။ကြည့်ရတာ မင်း ကိုယ့်ကိုစိတ်တိုနေတုန်းဘဲထင်တယ်။ဘာဘဲဖြစ်ဖြစ်ကိုယ်မင်းကိုအနူးအညွတ်တောင်းပန်ပါတယ်။မင်းစိတ်ကျေနပ်တဲ့အထိ တောင်းပန်ဆိုလည်း တောင်းပန်ပါမယ်"

ဒီလူ ဘယ်လိုလူလဲ။

ကိုယ့်အမှားလည်းမဟုတ်ဘဲ
ဘယ်လိုဖြစ်လို့ လူတကာအပေါ် တောင်းပန်ပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်ပြောထွက်နေရတာလဲ။

"နေပါဦး ခများက ကျွန်တော့်ကိုဘာလို့အဲ့လောက်တောင်းပန်ချင်နေရတာလဲ"

"ဟင် ??ကိုယ့်ကြောင့် မင်းပန်းချီကားကွဲသွားတယ်မဟုတ်လား။အဲ့ဒါကြောင့် တောင်းပန်တာလေ"

"ကျစ်...မဟုတ်ဘူးလေ အဲ့တာက ကျွန်တော်က ခများကိုဝင်တိုက်မိလို့ ကျကွဲသွားတာလေ။ခများအမှားမှမဟုတ်တာ"

"ဒါပေမယ့် အဲ့နေ့က မင်းအရမ်းစိတ်ဆိုးနေတာကို "

"စိတ်ဆိုးလည်း ဘာဖြစ်လဲ။ခင်များအမှားမဟုတ်ရင်မဟုတ်ဘူးလို့ပြောရမှာမဟုတ်ဘူးလား။
ခင်များက ကိုယ့်ကြောင့်မဟုတ်လဲ လူတိုင်းကို လိုက်တောင်းပန်နေတာဘဲလား"

The King Of My HeartWhere stories live. Discover now