ဒီနေ့ နေ့လည်တော့ ဝမ်ရိပေါ်က ဧည့်သည်တစ်ယောက်နဲ့ တွေ့ဖို့ရှိတဲ့အတွက် နေ့လည်စာကို ရှောင်းကျန့် တစ်ယောက်တည်း ပျင်းခြောက်ခြောက်နဲ့စားခဲ့ရသည်။
ရိပေါ်လည်း ပြန်မရောက်လာသေးတဲ့အတွက်
စားပြီးတာနဲ့ ရှောင်းကျန့် ဟာ ဓာတ်လှေကားနဲ့ အောက်ထပ်ကို ဆင်းခဲ့ပြီး မန်နေဂျာကြီး၏အခန်းသို့သွားသည်။"မန်နေဂျာကြီး "
"ဟာ...ရှောင်းကျန့်။ လာလေ ထိုင်။"
"ဟုတ်"
ရှောင်းကျန့်လည်း မန်နေဂျာကြီးညွှန်ပြတဲ့ ထိုင်ခုံမှာထိုင်လိုက်ရင်း
"မန်နေဂျာကြီး အလုပ်တွေရှုပ်နေတာလားဗျ..."
"မရှုပ်ပါဘူးကွာ။အခုမှထမင်းစားထားတော့ ခဏနားနေတာ။ဒါနဲ့ ရှောင်းကျန့် မင်းနဲ့တောင် ကောင်းကောင်းစကားမပြောရတာ တော်တော်ကြာနေပြီနော်"
"ဟုတ်တယ်ဗျ။အခုနောက်ပိုင်း ကျွန်တော်ကလည်း မအားတာများတယ်"
"အေ။ အော် မင်းကိုပြောရဦးမယ်။တနေ့က ဟိုကောင်လေး ကုမ္ပဏီလာသေးတယ်"
"ဘယ်ကောင်လေးလဲ ဂျာကြီး"
"မင်းအလုပ်လာလျှောက်တုန်းက ပါလာတဲ့ကောင်လေးလေ"
"အော်။zhuo chengကိုပြောတာထင်တယ် ။"
"ဟုတ်မယ်။အဲ့ကောင်လေးလာတော့ ငါနဲ့ ပက်ပင်းတိုးတာဘဲ။အဲ့တာသူက မင်း ရဲ့ ရုံးခန်းကိုမေးတာနဲ့ ငါလည်းပြောပြလိုက်တယ်။မင်းနဲ့တွေ့ရောတွေ့ဖြစ်လိုက်ရဲ့လား"
"တွေ့ဖြစ်တယ် ဂျာကြီး"
"အေး။ငါက မတွေ့လိုက်မှာစိုးလို့လေ။
ဒါနဲ့ ရှောင်းကျန့် မင်းရော အလုပ်လုပ်ရတာအကုန်အဆင်ပြေပြေဘဲမဟုလား""ဟုတ် ပြေပါတယ် "
"အင်း။CEOကလည်း မင်းကိုယုံကြည်အားကိုးတယ်ဆိုတော့ ပြေမှာပါ"
"ဟုတ်"
"ဒါနဲ့ ရှောင်းကျန့် CEOဆိုလို့ ငါ မင်းကို CEOအကြောင်းပြောပြရဦးမယ်"
"အော်။ဟုတ် ပြောပါ"
မန်နေဂျာကြီးပြောမယ့် CEOအကြောင်းဆိုတာနဲ့ ပတ်သက်ပြီး ရှောင်းကျန့် မျက်ခုံးအနည်းငယ်လှုပ်မိသည်။
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣