Part-44(💘End💘)

7.8K 435 52
                                    

လက်ထပ်ပြီးစီး၍ ဆယ်လကျော်ကြာသွားသည့်တိုင်အောင် ကျွန်တော်တို့၏အိမ်ထောင်ရေးသည် ချစ်စ ခင်စ ကြင်စဦးအချိန်ကဲ့သို့ အချစ်တွေပိုမိုနွေးထွေးလျှက်ရှိနေဆဲပင်။

နေ့ရက်တိုင်းအား ရိပေါ်နှင့်အတူ ကျွန်တော်တို့၏ အိမ်အသစ်လေး၌ ‌ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းခဲ့ကြသည်။
မနက်ခင်းတိုင်း၌ကျွန်တော့်စိတ်ကူးထဲကလိုပင်  ချစ်ရသူနဲ့ အနမ်းတွေပေးကာ နိုးထခဲ့ကြသည်။

ကျွန်တော့်ပါးပါးမှာထားသည့်အတိုင်းစိတ်ကောက်တဲ့ စိတ်ဆိုးတဲ့ ကလေးဆန်ဆန်အပြုအမူတွေကို မပြုမူဘဲ ရိပေါ်ကို ကျွန်တော်အမြဲတမ်းနားလည်မှုပေးခဲ့သည်။
ရိပေါ်ကလည်း ကျွန်တော့်အပေါ်တစ်နေ့မှအချစ်တွေမပျက်ကွက်ခဲ့တဲ့အပြင် အရင်ကထက်တောင် ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့ပါ၏။
.
.
.
🌄

ဤနေ့၌လည်း ရုံးပိတ်သည့် တနင်္ဂနွေနေ့ မနက်ခင်းဖြစ်သောကြောင့် ကျွန်တော်ဟာ ရိပေါ်၏ လက်‌မောင်းအပေါ်ခေါင်းတင်ပြီး ကျွန်တော်တို့နှစ်ဦးလုံးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

ထိုအချိန် ကျွန်တော်တို့အခန်းတံခါးကို တစ်စုံတစ်ယောက်လာခေါက်သံကြောင့် ကျွန်တော်ရော ရိပေါ်ပါရုတ်တရက် လန့်နိုးလာခဲ့၏။

"ဘယ်သူလည်းမသိဘူး။ကျွန်တော်ထဖွင့်လိုက်မယ်။ကျန့်ကော ဆက်အိပ်ရင် ဆက်အိပ်နေလိုက်နော်"

"အွန်း😪"

ရိပေါ်က အခန်းတံခါးသွားဖွင့်တော့ ကျွန်တော်လည်း စောင်ခေါင်းမြီးခြုံပြီး ပြန်အိပ်ဖို့ပြင်၏။

သို့သော် ကျွန်တော်မျက်လုံးမှတ်ပြီး ပြန်အိပ်ဖို့ကြိုးစားမိတာ စက္ကန့်ပိုင်းတောင် မ‌အောင်မြင်လိုက်ခဲ့။
သူများလင်မယားအိပ်နေတဲ့အချိန်လာပြီး ကျွန်တော့်နား နားကပ်ကာ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား လာအော်တဲ့zhuo cheng‌ကြောင့် အလန့်တကြားဖြင့်ဝိညာဉ်လွင့်ထွက်မတတ်တောင်ဖြစ်ခဲ့ရ၏။

"ရှောင်းကျန့်!!!!!!နေဖင်ထိုးနေပြီ။မင်းက အခုထိအိပ်‌တုန်းလား။ထတော့ ငပျင်း‌ကောင်ရဲ့...သေလည်းအိပ်ရမှာကို အဲ့လောက်အထိ အိပ်မနေနဲ့ကွ🗣️🗣️"

The King Of My HeartWhere stories live. Discover now