📳🎵🎶
ညအိပ်ခါနီး သွားတိုက်နေတုန်း ကုတင်ပေါ်တွင်ရှိနေသော မိမိဖုန်းမြည်သံကြားသောကြောင့် ရှောင်းကျန့်ဟာ သွာတိုက်တာကိုမြန်မြန်ပြီးအောင်လုပ်လိုက်ပြီး သွားကိုင်ပေမယ့် ဖုန်းက ကျသွားခဲ့ပြီ။
"Zhuo cheng ဘဲ။ဒီအချိန်ကြီး ဘာပြောစရာများရှိလို့လဲမသိဘူး။ပြန်ဆက်ကြည့်လိုက်ပါဦးမယ်"
ရှောင်းကျန့်ဟာ ပြောတဲ့အတိုင်းဘဲzhuo chengဆီကို ဖုန်းပြန်ခေါ်လိုက်သည်။
"ဟယ်လို zhuo chengခုနက မင်းဖုန်းခေါ်တာ ငါသွားတိုက်နေလို့။ငါ့ကို ဘာပြောမလို့လဲ"
"မနက်ဖြန် မင်းအားလား။"
"ဘာဖြစ်လို့လဲ??တစ်နေရာရာသွားစရာရှိလို့လား"
"အင်း။ဟုတ်တယ်။မနက်ဖြန် မင်းကို တစ်နေရာခေါ်သွားမလို့။အဲ့တာမနက်ပိုင်းလောက်ဖြစ်ဖြစ်မင်းအားရင်ငါလာခေါ်မယ်လေ"
"အယ်....ငါမနက်ဖြန် မင်းနဲ့မလိုက်နိုင်လောက်ဘူးထင်တယ် zhuo cheng"
"ဘာဖြစ်လို့လဲ။မင်းမအားလို့လား"
"မအားတာတော့မဟုတ်ဘူး။ဒါပေမယ့် မနက်ဖြန် ရိပေါ်နဲ့ တစ်နေရာသွားဖို့ချိန်းထားလို့"
"အော်....ဟုတ်လား~~~"
ရှောင်းကျန့်မှာလည်း zhuo chengကိုအရမ်းအားနာလွန်းလှသည်။
ရိပေါ်ကလည်း မနက်ဖြန် သူနဲ့တွေ့ဖို့ချိန်းထားတဲ့အတွက် ဟိုဘက်ကိုလည်း ငြင်းလို့မကောင်း ဒီဘက်ကိုလည်းငြင်းလို့မကောင်းနဲ့ ကြားထဲကနေ zhuo chengကို အားနာပြီးရင်းအားနာရပြန်သည်။
"ငါ ရိပေါ်ကိုပြောကြည့်လိုက်မယ်လေ။
မနက်ဖြန် မင်းနဲ့ သွားစရာရှိတယ်လို့။
ငါပြောရင် သူလက်ခံမှာပါ""မပြောပါနဲ့။ငါ့ကိစ္စကလည်းအရမ်းကြီးအရေးမကြီးပါဘူး။မင်းတို့တွေငါ့ကြောင့် အနှောင့်အယှက်ဖြစ်သွားပါဦးမယ်။မပြောပါနဲ့။ရတယ် ငါဘာမှမဖြစ်ဘူး။"
"ဟုတ်လို့လား...တကယ်ရော မင်းအဆင်ပြေရဲ့လား။အဆင်မပြေရင် ငါရိပေါ်ကို ပြောလိုက်ပါမယ်"
"မပြောပါနဲ့ကွာ။ငါ တကယ်အဆင်ပြေတယ်။ဒါဘဲနော် ရှောင်းကျန့် ငါလုပ်စရာရှိသေးလို့"
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣