Part -23(💝)

5.6K 521 51
                                    

ရိပေါ် ပဲခေါက်ဆွဲစားလို့ကုန်သွားတာတောင် ရှောင်းကျန့် လုပ်စရာရှိတယ်ဆိုပြီး ထွက်သွားလိုက်တာ အခုထိ သူ့ရှေ့ကို ပြန်မရောက်လာသေး။

လက်ပတ်နာရီကိုကြည့်လိုက်တော့ ၆နာရီ ၃၅..

အမှန်အတိုင်းပြောရရင် သူရှောင်းကျန့်နဲ့ ဆက်နေချင်သေးပေမယ့် ကြည့်ရတာ သူရှိနေတာ ကျန့်ကောနေရခက်နေလားမသိပါဘူး။

အင်း....သူပြန်မှဖြစ်တော့မယ်ထင်ပါတယ်...

တော်ကြာ ကျန့်ကောရဲ့အနားယူချိန်လေး သူကြောင့်နဲ့ပျက်စီးနေပါဦးမယ်...

ဒီနေ့အတွက်တော့..ကျန့်ကောနဲ့ အခုလိုအတူရှိပြီးပြီဘဲ

တော်ပြီပေါ့...ရိပေါ်ရယ်...မင်းအရမ်းကြီးလောဘမကြီးသင့်ဘူးလေ
.
.
ဝမ်ရိပေါ်ဟာ ပြန်တော့မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ထိုင်နေရာကထလိုက်သည်။

သို့သော် အချပ်နှစ်ဆယ်လောက်ရှိတဲ့ DVDခွေတွေကိုကိုင်ပြီး ထမင်းစားခန်းထဲကို ဝင်လာတဲ့ ရှောင်းကျန့်ကြောင့် ပြန်မလို့လုပ်နေတဲ့ ဝမ်ရိပေါ်ရဲ့ အစီအစဉ်ဟာ မအောင်မြင်လိုက်ပေ။

'ရိပေါ်...စားပြီးသွားပြီလား'

'ဟုတ်...ကျန့်ကော ဒါနဲ့ ကျန့်ကောလက်ထဲကဘာခွေတွေလဲ'

'အော်...သရဲကားတွေလေ'

'ဟမ်..သရဲကား အဲ့အခွေတွေအားလုံးလား'

'ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ
ကြောက်လို့လား'

'မကြောက်ပါဘူး ကျန့်ကောကလည်း ဘာလို့ကြောက်ရမှာလည်း'

'အင်း...အဲ့ဒါဆို ရိပေါ်အချိန်ရသေးတယ်မဟုလား
အကိုနဲ့ သရဲကားတစ်ကားလောက်ကြည့်ရအောင်... အကိုမကြည့်ရသေးတဲ့တစ်ကားရှိတယ်.. တော်တော်ကောင်းတယ်လို့ပြောတယ်'

ရှောင်းကျန့်က သူလိုချင်တဲ့ခွေကိုရှာရင်း တွေ့တာနဲ့ TVသွားဖွင့်ပြီး အခွေထိုးနေပြီ။

ရိပေါ်ကတော့ ရှောင်းကျန့်လုပ်သမျှကို မမှိတ်မသုန်စိုက်ကြည့်နေရင်း နဖူးစပ်တွေမှာတောင် ချွေးစလေးတွေထွက်နေသည်။

သွားပြီ....ငါးပါးတော့မှောက်ပြီဘဲ...

သရဲကြောက်တတ်တဲ့ငါက အခုတော့ ကျန့်ကောနဲ့အတူ သရဲကားကြည့်ရတော့မယ်။

The King Of My HeartWhere stories live. Discover now