Extra 1

1.2K 61 0
                                    

"Daddy...ပြန်လာပြီဟေး"

ချစ်စဖွယ်အသံစူးစူးလေးတွေနဲ့အတူ အိမ်အပေါ်ထပ်ကနေ အောက်ထပ်ကို ၀မ်းသာ‌အားရဆင်းပြေးလာကြသည့်သုံးနှစ်ခွဲအရွယ်၀၀ကစ်ကစ်ကလေးလေးနှစ်ယောက်...

ထိုကလေးလေးနှစ်ယောက်ကတော့ တခြားသူမဟုတ် လုပ်ငန်းရှင် သူဌေးကြီးဖြစ်သည့် ၀မ်ရိပေါ်နှင့် သူရဲ့ အသည်းနှလုံးလေး ရှောင်းကျန့်တို့၏ ဘုရားပေးတဲ့ဆုလာဘ်ဖြစ်သည့် အမြွာလေးနှစ်ယောက်ပင်။

အမြွာနှစ်ယောက်ဖြစ်သည့်Xiăo bóလေးနဲ့
wăn yú တို့ရဲ့ မြိုင်ဆိုင်နေသည့်အသံ ပိစိလေးတွေကိုကြားရခြင်းအားဖြင့်သူတို့daddyပြန်အလာကို တစ်နေကုန်ဘယ် လောက်စောင့်မျှော်နေမှန်း က‌လေးတွေမပြောလည်း ရှောင်းကျန့်တပ်အပ်သိ လိုက်၏။

မီးဖိုခန်းထဲကနေစားဖို့သောက်ဖို့ပြင်နေတဲ့ရှောင်းကျန့်လည်းမိဘပီပီ မိမိကလေး တွေအရှိန်လွန်ပြီးချော်လဲမှာစိုးသည့်အတွက်စိုးရိမ်စိတ်နဲ့မနေနိုင်ဘဲလှမ်းသတိပေး လိုက်သည်။

"သားသားနဲ့မီးမီး အရမ်းမပြေးနဲ့ဦးနော်..ချော်လဲနေမယ်"

"ဟုတ်ကဲ့..ပါးပါး"

ကုမ္ပဏီကနေ ပြန်လာသည့် Daddyဖြစ်သူ ၀မ်ရိပေါ်ကတော့ အိမ်ပေါက်၀၀င်တာနဲ့ ပြေးပြီးဆီးကြိုလာသည့်သားနဲ့သမီးဖြစ်သူကြောင့် တစ်နေ့လုံးစာအတွက် သူ့ရဲ့ မောပန်းမှုတွေက ယူပစ်သလို ပျောက်ကင်းသွား၏။

"ဟာ....သားသားနဲ့မီးမီးလေးက Daddyကိုလာကြိုတယ်ပေါ့"

"ဒါပေါ့ သားနဲ့ Wăn yúက daddy ပြန်လာရင် အမောပြေအောင်လို့ ကြိုဖို့အတွက်တစ်ညနေလုံးမျှော်နေတာ"

"ဟုတ်လား...သားနဲ့သမီးက လိမ္မာလိုက်တာကွာ"

အရမ်းအလိုက်သိပြီး ချစ်ဖို့ကောင်းလွန်းတဲ့ အမြွာလေးနှစ်ယောက်ကို ရိပေါ် တစ်ဖက်တစ်ချက်စီချီလိုက်ပြီး ပါးဖောင်းဖောင်းလေးတွေပေါ် ရွတ်ခနဲနေအောင်နမ်းလိုက်သည်။

"Daddy...မီးမီးမှာထားတဲ့ ချောကလက်ပါလားဟင်"

"ပါတာပေါ့....ဒါပေမယ့် သမီးပါးပါးမသိအောင် စားနော်...တော်ကြာ အချိုတွေ စားလို့ ပါးပါးကဆူနေအုန်းမယ်"

The King Of My HeartWhere stories live. Discover now