Part-11(💘)

7.9K 745 117
                                    

ရှောင်းကျန့် MYSTIQUE ကုမ္ပဏီမှာ အလုပ်လုပ်နေတာ အခုဆိုရင် နှစ်ပတ်လောက်ရှိနေပြီ...
ကုမ္ပဏီက ဝန်ထမ်းတွေနဲ့လည်း အတော်အသင့်ခင်နေပြီဖြစ်တဲ့အပြင်...အထူးသဖြင့် ဒီကုမ္ပဏီရဲ့ မန်နေဂျာကြီးနဲ့ရှောင်းကျန့် ပိုရင်းနှီးတယ်လို့ပြောရင်ပိုမှန်လိမ့်မယ်

CEOဆီ တင်ပြစရာကိစ္စရှိပြီး ပြန်ထွက်လာတိုင်း မန်နေဂျာကြီးက ရှောင်းကျန့်အခန်းဆီလာပြီး ဝမ်ရိပေါ် အကြောင်းစကားလာပြောလေ့ရှိတယ်

ဒါပေမယ့် ရှောင်းကျန့်ကိုလာပြောတဲ့စကားတိုင်းမှာ ဝမ်ရိပေါ်က ဘယ်လောက်ကောင်းတယ်...ဘယ်လိုသဘောကောင်းပြီး ဘယ်လိုကြင်နာတတ်တယ်ဆိုတဲ့ စကားတွေပါတယ်လို့ထင်လား

အို့ဟိုး ....အဲ့လိုထင်ရင်တော့ အမှားကြီးမှားသွားမှာပေါ့

အခုချိန်ထိ မန်နေဂျာကြီးဆီက ရှောင်းကျန့် ကြားရသမျှတွေက

ဝမ်ရိပေါ်က အရမ်းကိုစည်းကမ်းတင်းကြပ်တယ်

ဝမ်ရိပေါ်ရဲ့ အကြည့်တွေက အရမ်းကြောက်ဖို့ကောင်းတယ်

ဝမ်ရိပေါ်က လုံးဝကို အသည်းနှလုံးမရှိတဲ့လူလိုဘဲ

အပြစ်ပေးစရာ..ဆူစရာရှိရင်လည်း ဘယ်သူ့ကိုမှ မညှာတာတတ်ဘူး

စကားပြောလိုက်ရင်လည်း အမြဲတမ်းဘုကလန့်နဲ့

CEOက ငါ့ကိုခေါ်တယ်ဆိုရင်လေ ငါမန်နေဂျာခမျာ ဘာတွေများ အဆူခံရဦးမလဲဆိုပြီး ခေါင်းရောခြေရော ကြိမ်းနေရတယ်...

ငါ အလုပ်လုပ် ခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ CEOဟက်ဟက်ပက်ပက်နဲ့ ရယ်တာလည်း ငါတစ်ခါမှမမြင်ဖူးဘူး

အဲ့CEOက အပြုံးပိစိလေးတစ်ခုကိုတောင် စွန့်ကြဲဖို့တော်တော်ကပ်စေးနှဲတယ်ကွ ရှောင်းကျန့်ရ

ငါလေ တစ်ခါတလေ စဉ်းစားမိတယ်

ငါတို့CEOက ဘယ်လိုမိန်းမနဲ့ရပြီး ဘယ်လိုများ အိမ်ထောင်သည်ဘဝကို ဖြတ်သန်းမလဲလို့လေ🤔

ငါကတော့ CEOရဲ့ မရသေးတဲ့ အိမ်ထောင်ဖက်အစား တွေးပြီးရင်မောတယ်ကွာ....
.
.
.
ရှောင်းကျန့်တစ်ခါတလေမှာတော့ မန်နေဂျာကြီးဆီက ဝမ်ရိပေါ် ကောင်းကြောင်းလေးများ ကြားရမလားလို့ မျှော်လင့်မိပေမယ့် အခုချိန်ထိကို မကြားရသေး

The King Of My HeartWhere stories live. Discover now