Part-12(💞)

7.5K 784 88
                                    

ရှောင်းကျန့် မနက်ခင်းဆို သူ့တိုက်ခန်းက အစောကြီးထွက်လာပြီး ကုမ္ပဏီကိုအစောကြီးရောက်လာနေကြ ဆိုပေမယ့် ဒီနေ့တော့ သူ အိပ်ရာထနောက်ကျသွားတဲ့အတွက် သူ့ရဲ့ ပထမဆုံး အလုပ်လာတဲ့ နေ့ကလိုအချိန်မှဘဲ ရောက်လာခဲ့တယ်

ရှောင်းကျန့် အလောတကြီးနဲ့ သူ့အခန်းရှိရာကို ပြေးလာခဲ့လိုက်တာ
အခန်းလည်းရောက်ရော လူက ဟောဟဲဟောဟဲနဲ့ အတော်ကိုမောပန်းနေပြီ....

ဒါပေမယ့် ရှောင်းကျန့် အနားတောင်မယူနိုင်ဘဲ သူ့လွယ်အိတ်ထဲက သေချာ အချောဆွဲထားတဲ့ ဒီဇိုင်းစာရွက်တွေကို ဂရုတစိုက်နဲ့ ထုတ်ပြီး
သူ့ရဲ့ အချစ်တော် CEOဆီ ထွက်လာခဲ့တယ်

ရှောင်းကျန့် အခုလို မလောလို့မရ...ဘာလို့လည်းဆိုတော့ ရှောင်းကျန့်တို့ကုမ္ပဏီက အဝတ်အစားသစ်တစ်ခုကို အခု ရှောင်းကျန့်ဆွဲထားတဲ့ ဒီဇိုင်းနဲ့ ထုတ်တော့မှာမိုလို့လေ

အဲ့အတွက် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ ရှောင်းကျန့်အတွက်တော့ ပထမဦးဆုံးသော အကြို အောင်မြင်မှုတစ်ခုလို့ ပြောရမလိုပင်

အခုအချိန်ကတည်းက ရှောင်းကျန့် သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်တဲ့အတွက် အရမ်းလည်း ပျော်နေသလို မထွက်လာသေးတဲ့ အဝတ်အစားbrandအသစ်အတွက်လည်း ကြိုတွေးပြီး စိတ်လှုပ်ရှားနေတယ်

ရှောင်းကျန့် CEOအခန်းရှေ့မှာရပ်နေပြီး ပြေးလာတဲ့အတွက် နဖူးစပ်နားမှာကပ်တွဲနေတဲ့ ချွေးစတွေကို အရင်သုတ်လိုက်ပြီးမှ တံခါးခေါက်ကာ CEOအခန်းထဲကို ဝင်လာခဲ့တယ်

သူ့ရဲ့ မောမောပန်းပန်းနဲ့ ချွေးတွေရွှဲနစ်ပြီး စုတ်ပြတ်သတ်နေတဲ့ ပုံစံကို သူ့ရေခဲတုံးကြီးရှေ့မှာ မပြသချင်ပါ

သူလည်း ဒီဇိုင်နာတစ်ယောက်ဘဲ.... အဲ့အတွက် ဘယ်သူ့ရှေ့မှာမဆို ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် စမတ်ကျပြီး ကြည့်ကောင်းနေတာကိုဘဲ သူဖြစ်ချင်တယ်

သို့သော် ရှောင်းကျန့် အခန်းထဲ ဝင်လာလာချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ရှောင်းကျန့် ရင်ဘတ်တောင် ရုတ်တရက် အောင့်တက်သွားပြီး ခန္ဓာကိုယ်ထဲက သွေးတွေလည်းဆူပွတ်လာသလို

The King Of My HeartWhere stories live. Discover now