Part-25(💛)

5.3K 444 15
                                    

အများသူငါ‌‌ အေးအေးဆေးဆေးအနားယူရင်းအိပ်စက်‌နေမည့် အလုပ်ပိတ်ရက်ဖြစ်သည့် စနေနေ့မနက်ခင်း၌ တခြားသူများကဲ့သို့ ကောင်းကောင်းမွန်မွန်မအိပ်စက်နိုင်သူမှာ ရှောင်းကျန့်ပင်။

'မနက်သွားခါနီး ဖုန်းဆက်လိုက်‌မယ်နော်' ဆိုပြီး မနေ့ည၌ပို့ခဲ့သည့် ဝမ်ရိပေါ်၏မက်ဆေ့တစ်စောင်သည် ရှောင်းကျန့်အား alarmပေးစရာမလိုဘဲ စောစောစီးစီးနိုးလာစေ၏။

အိပ်ရာသိမ်း မျက်နှာသစ်သွားတိုက်ပြီးနောက် ဖုန်းကိုဖွင့်ကြည့်ပေမယ့် ရိပေါ်ဆီမှ မည်သည့်မက်ဆေ့မှမဝင်လာသေးသောအခါ စိတ်ထဲ၌ တစ်ခုခုလိုအပ်နေသကဲ့သို့ ဟာတာတာဖြင့်။

ငါးနာရီတောင်မခွဲသေးဘူးဘဲ။

စောသေးလို့ သူဘာမှမပို့လာသေးတာထင်ပါတယ်။

မနေ့ကတည်းက ရိပေါ်ဘယ်အချိန်သွားမှာလည်း မေးလိုက်ရမှာကို မေ့သွားတယ်ကွာ။

ငါ့ဘက်ကဘဲ ဆက်လိုက်ရမလား။

အဲ့လိုကျတော့လည်း မဟုတ်သေးပါဘူး။

ရိပေါ်က နိုးပြီလား မနိုးသေးပြီလား အားလား မအားလားလည်းမသိဘူး။

တော်ကြာ ငါ့ကြောင့် အနှောင့်အယှက်ဖြစ်သွားနေပါဦးမယ်။

ရိပေါ်ဖုန်းဆက်လာမှာကိုဘဲ စောင့်လိုက်တာကောင်းပါတယ်။

ရှောင်းကျန့် ဟာ အမျိုးမျိုးစဉ်းစားပြီးတဲ့နောက်မှာတော့ ဖုန်းကိုပြန်ချထားလိုက်ပြီး မလျှော်ရသေးတဲ့အဝတ်တွေကို အဝတ်လျှော်စက်ထဲထည့်ကာ မနက်စောစောစီးစီး လျှော်ဖွပ်နေပြန်၏။

သို့သော် ရှောင်းကျန့်၏အာရုံတို့ကတော့ အဝတ်လျှော်ရာတွင်ရှိမနေဘဲ စားပွဲပေါ်တွင်တင်ထားသည့် ဖုန်း၌သာ။

ချစ်သူဖြစ်ပြီး တစ်ရက်အကြာမှာတင် ရိပေါ်ဆီမှ ဖုန်းကို ရှောင်းကျန့်ရင်ခုန်စွာနဲ့ စောင့်မျှော်တတ်နေပြီ။

ချစ်စ ခင်စ ကြင်နာစဆိုတော့လည်း ဒီလိုမျိုး အဖြစ်သည်းနေတာပါ လို့တော့ မင်းတို့တွေ ငါ့ကို မတွေးကြနဲ့နော်။

ငါကျိန်းသေပြောရဲတယ်။

ငါနဲ့ရိပေါ်ရဲ့အချစ်က အခုလည်း ဒီလိုဘဲ နောင်လည်းဒီလိုဘဲ ဘယ်တော့မှအချစ်တွေလျော့သွားမှာမဟုတ်ဘူး။
.
.
.
.
ဒါပေမယ့် စဉ်းတော့စဉ်းစားစရာဘဲ

The King Of My HeartWhere stories live. Discover now