Part-38(💟)

4K 384 27
                                    

ကျွန်တော့်မှာချစ်သူရှိတယ် ဆိုပြီး မိဘတွေကို ဝမ်ရိပေါ်ဖွင့်ပြောပြပြီးသည့်နောက်မှာတော့ ဝမ်စံအိမ်၏ဧည့်ခန်းအတွင်းရှိ လေထုဟာ တိတ်ဆိတ်ခြောက်ကပ်ကာ အေးစက်သွားခဲ့သည်။

စံအိမ်အတွင်းရှိ အစေခံများမှာလည်း ရုတ်တရက်တင်းမာသွားသော အခြေအနေများကြောင့် စိတ်လှုပ်ရှားကာ ကြောက်ရွံ့နေကြသည်။

အန်တီယွဲ့ကတော့ ဒီအခြေအနေတွေကိုကြိုသိနေသလိုပင် ဘာမျှဝင်မပြောဘဲ တိတ်တဆိတ်သာနေ သည်။

ဝမ်လင်မယားနှစ်ယောက်ဟာလည်း သူ့သားကိုမယုံနိုင်သလို အကြည့်ဖြင့်ကြည့်လိုက် ရိပေါ်နဲ့လက်ထပ်ဖို့ စီစဉ်ထားတဲ့ ကောင်မလေးကိုလည်း အားနာလိုက်ဖြင့် ဗျာများနေရသည်။

"သား...မားတို့စီစဉ်တာကို လက်မခံချင်တာနဲ့ အခုလိုမျိုးမဖြစ်နိုင်တာတွေကို‌တော့မပြောပါနဲ့"

"မားက ဘာလို့ မဖြစ်နိုင်တာတွေလို့ပြောနေတာလဲ။သားပြောတာက မယုံချင်စရာကောင်းလို့လား။မဖြစ်နိုင်လို့လား။"

"ဒါပေမယ့် မားတို့ကို သားချစ်သူအကြောင်းဘာလို့မပြောပြတာလဲ"

"မား ကရော မေးလို့လား။အမြဲတမ်း သားကို လက်ထပ်ဖို့စီစဉ်နေတာဘဲမဟုတ်လား"

"သား ‌ပြောရင် မားကအဆင်ပြေအောင်လုပ်ပေးမှာပေါ့။သားမှ‌မပြောတာ"

"တကယ်တမ်းမပြောတာက မားတို့လေ။သားကို ဒီလိုမျိုး အတင်းအကျပ်ကြီး လက်ထပ်ဖို့စီစဉ်တာတွေမကြိုက်ဘူးလို့ သားပြောပြီးသားမဟုတ်လား။မားက သားကို ဘာမှမတိုင်ပင်မပြောဆိုဘဲ မားတို့ဆန္ဒနဲ့ မားတို့လုပ်နေတာလေ။အခု သူ့ကို ဒီခေါ်လာတာရော သားသဘောကိုမေးလို့လား။သားကိုပြောပြထားလို့လား။မပြောပြဘူးလေ။တကယ်လို့သာ မားကကြိုပြောထားမယ်ဆိုရင် သားဘက်ကလည်း ချစ်သူရှိနေပြီဆိုတဲ့အကြောင်းပြောပြမှာဘဲလေ"

"မား ဘက်က သားကိုမေးတယ်လေ။သားမှာချစ်သူရှိလားလို့။သားက မရှိဘူးလို့ပြောလို့အခုလိုစီစဉ်တာလေ"

"မား အဲ့လိုမေးတာ လွန်ခဲ့တဲ့ နှစ်လလောက်က နောက်ဆုံးဘဲ။သားမပြောဘူးဆိုတာလည်း မား အဲ့တုန်းက မေးတဲ့အချိန် သားချစ်သူနဲ့မတွေ့သေးဘူး။မား အဲ့လိုမေးပြီးနောက်ပိုင်းမှ သားမှာရှိတာလေ"

The King Of My HeartWhere stories live. Discover now