Part-32(💕)

4.7K 452 26
                                    

"ရှောင်းကျန့်ရေ ....ငါလာတယ်။တံခါးလာဖွင့်ဦး"

မနက်စောစောစီးစီး အခန်းတံခါးကို ထု၍အားရပါးရအော်နေသောzhuo cheng၏ ကြားသမျှလူတိုင်းခဲနှင့်ပစ်ပေါက်ချင်စရာအသံကို ရှောင်းကျန့် ကြားလိုက်ရသောကြောင့် မျက်နှာသစ်နေရင်းတန်းလန်းဖြင့် အမြန်တံခါးသွားဖွင့်ပေးရသည်။

"Zhuo chengမင်းကတော့ မနက်စောစောစီးစီး ဘေးအခန်းကလူတွေခဲနဲ့ထုတာခံချင်နေတာလားကွာ"

"အဲ့လောက်အထိလည်းမကျယ်ပါဘူးကွာ။တကယ်လို့ သူတို့ထုလည်း ဘာဖြစ်လဲ။ငါလည်းလက်ပါတယ် ပြန်ထုမှာပေါ့"

"ဟာ.. zhuo chengမင်းကတော့ ပြဿနာဘဲကွာ.."

"ကဲပါ။ငါဝင်မလို့ မင်း အရှေ့ကရပ်နေတာ ဖယ်ဦး"

Zhuo cheng ဟာ ရှောင်းကျန့်ကို ပြောကာအတင်းတိုးတိုက်ရင်း အထဲကိုဝင်သွားသည်။

စိတ်မြန်လက်မြန်နဲ့ ဘယ်တော့မှ ပြောမကောင်းဆိုမကောင်း သူငယ်ချင်းကို ရှောင်းကျန့် ဘာမှပြန်မပြောနေတော့ဘဲ တံခါးပြန်ပိတ်ပြီး သူလည်းအထဲဝင်ခဲ့သည်။

"Zhuo chengမင်းကဒီ‌နေ့မှ ထူးထူးဆန်းဆန်း မနက်အစောကြီးထလို့ပါလား"

Zhuo chengဟာ ရှောင်းကျန့်ရဲ့ရေခဲသေတ္တာကိုဖွင့်ပြီး သူစားဖို့ တစ်ခုခုရှာနေရင်း အလုပ်ရှုပ်နေသည်။

"ဒီအတိုင်းပျင်းလို့ လမ်းထလျှောက်ရင်း မင်းဆီလှည့်ဝင်လာတာပါကွာ။ရှောင်းကျန့် မင်းမှာ ဘာမုန့်မှမရှိတော့ဘူးလားဟ။ဒီအရသာမရှိတဲ့ပေါင်မုန့်‌တွေကြီးဘဲတွေ့တယ်"

"အေ..ငါလည်းဘာမှမဝယ်ရ‌သေးတော့အဲ့ဒါဘဲရှိတယ်။မင်းစားချင်ရင်စားလေ"

ရှောင်းကျန့်က ရေချိုးခန်းထဲကနေ သွားတိုက်ရင်း အော်ပြောတော့ zhuo chengဟာ မျက်နှာကြီရှုံ့မဲ့စွာဖြင့်

"တော်ပြီ မစားတော့ဘူး။အရသာမှမရှိတာ"

*ဒီတစ်ခါ အကိုkuanလာရင် မုန့်တွေများများဝယ်လာရင်ကောင်းမယ်။ဒါပေမယ့် နောက်တစ်ခါဆို မုန့်ကိုအားလုံးကုန်အောင်စားလို့မဖြစ်ဘူး။စကေးနဲ့စားရမယ်။

အကိုkuanကလည်း နောက်ရက်လာမယ်ပြောပြီး ဒီနေ့ထိကိုမလာသေးဘူး။☹️

The King Of My HeartWhere stories live. Discover now