အန်တီယွဲ့ဟာ ရှောင်းကျန့်၏လိပ်စာကိုတိတ်တဆိတ်စုံစမ်းပြီးနောက် သိရသောအခါ ဝမ်ကတော်ကြီးအခန်းရှေ့သို့သွားကာ တံခါးခေါက်၏။
ဒေါက်!!!ဒေါက်
"သခင်မကြီး"
မှန်တင်ခုံရှေ့၌ လက်ဝတ်လက်စားများကို ဝတ်နေသော ဝမ်ကတော်ဟာ အန်တီယွဲ့အသံကိုကြားရသည်နှင့် ဝင်လာခဲ့ရန် အခန်းထဲမှပြောလိုက်သည်။
"ကျွန်မစုံစမ်းခိုင်းတာ သိရပြီလား ယွဲ့ဝေ"
"ဟုတ်ကဲ့ ရပါပြီ။ဒီမှာ ကောင်လေးရဲ့လိပ်စာပါ"
"ဟုတ်ပြီ။ဒီအကြောင်းတွေသားလေးကိုမပြောပြပါနဲ့နော် ယွဲ့ဝေ"
"ဟုတ်ကဲ့။သခင်မကြီးစကားအတိုင်းပါ"
မိမိယောကျာ်းဖြစ်သူမှာလည်း Beijingကိုပြန်ရောက်စဉ် သူငယ်ချင်းများနှင့်Golfရိုက်ဖို့ နေ့လည်ကတည်းက ဝမ်စံအိမ်မှထွက်သွားခဲ့သည်။
ယခုလိုအချိန်ကို အခွင့်ကောင်းယူပြီး ဝမ်ကတော်ဟာ သူ့သားရဲ့ချစ်သူဆီကိုသွားတွေ့ဖို့ပြင်၏။
သို့သော် ထိုသို့ မသွားခင် ဝမ်ကတော်ဟာ သူ့သား၏အခန်းသို့ တက်သွားခဲ့သည်။
"သား..."
"မား...ဘယ်သွားမလို့လဲ။အပြင်သွားမလို့လား"
အရင်က ကျွန်မ ဘယ်သွားသွား စိတ်ဝင်တစားမမေးတတ်တဲ့ သားလေးက အခုဆို ကျွန်မကို ဂရုတစိုက်နဲ့ မေးလာတာကိုသိရတော့ ကျွန်မဝမ်းသာမိပါသည်။
ကျွန်မသားက ကျွန်မမရှိတဲ့ အချိန်အတောအတွင်းတော်တော်ကိုပြောင်းလဲသွားခဲ့ပါလား။
"ဟုတ်တယ်သား။မား အပြင်ခဏသွားမလို့။
သားလေးက မားကိုအခုလို တရေးတယူနဲ့မေးနေပုံထောက်ရင် သားရောသွားစရာရှိလို့လား။""မရှိပါဘူး မားရယ်။သားက ဒီအတိုင်းမေးကြည့်တာပါ။ပြီးတော့ ကျန့်ကောကလည်း ပြောထားတယ်။ကိုယ့်မိဘတွေ ကိုယ့်အနားမှာရှိနေတုန်း တလေးတစားနဲ့ ဂရုတစိုက်ဆက်ဆံတဲ့"
"ကျန့်ကော~~~ကျန့်ကောက ဘယ်သူ??အော် ...မနေ့ကသားချစ်သူဆိုတဲ့ကောင်လေးလား"
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣