Part-19(💗)

6.2K 468 39
                                    

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့နှစ်ယောက်အတူတူစကားပြောဖြစ်တိုင်း 'ကျန့်ကော'ဆိုတဲ့နာမ်စားကမပါမဖြစ်ဘဲ။

ရှောင်းကျန့်ကို ကျန့်ကော..ကျန့်ကော..လို့ ခေါ်ပြီးပြောနေလိုက်တာဟာဆိုရင်ဖြင့် ကြက်တူရွေးကိုစကားလုံး တစ်လုံးတည်းသီးသန့် နှုတ်တိုက်ချထားပေးသလိုဘဲ...တတွတ်တွတ်နဲ့ နားတောင်ငြီးလောက်ရဲ့...။

ဒါပေမယ့် ဒီလိုခေါ်တာက တခြားသူတွေရှေ့မှာတော့ မဟုတ်ပါဘူး။
သူနဲ့ရှောင်းကျန့် အတူတူရှိနေတဲ့အချိန်မှာဘဲ ရိပေါ်အဲ့လိုခေါ်တာ။

မခေါ်ရတဲ့အကြောင်းအရင်းကလည်း ရှင်းပါတယ်....
ရှောင်းကျန့်ကို သူခေါ်သလို သူများတွေလိုက်ခေါ်မှာမကြိုက်လို့ပါ ဒါပါဘဲ။

ကျန့်ကောဆိုတာ ယဉ်ကျေးမှုအရ ရှောင်းကျန့်ကို အကိုတစ်ယောက်လိုသဘောထားခင်မင်တဲ့သူတိုင်း ခေါ်လို့ရတဲ့နာမည်ပါ။

ဒါပေမယ့် ဝမ်ရိပေါ်ဟာ ဒီနာမည်လေးတစ်ခုနဲ့တင်ရှောင်းကျန့်ကို သဝန်တိုတယ်။

အမှန်အတိုင်းပြောရရင် ငါ ရှောင်းကျန့်ကိုခေါ်တဲ့ ကျန့်ကော~~ဆိုတဲ့အသံtoneက တခြားသူတွေခေါ်တဲ့toneနဲ့မတူဘူး။
အရမ်းကိုကွာတယ်။

မင်းတို့နားထောင်ဖူးရင် သိမှာပါ

ငါ့နှုတ်က ထွက်လာတဲ့ ကျန့်ကော~~ဆိုတဲ့ အမည်နာမလေးတစ်ခုမှာတင် ငါ့ရင်ထဲမှာသိုဝှက်ထားတဲ့ အချစ်တွေအားလုံးကပ်ပါနေတာ။
.
.
.
ဒါပေမယ့် ဒါကို မကျေနပ်တဲ့သူကလည်းရှိသေးတယ်ဆိုတာ အမောင်ရိပေါ်လေးမသိရှာဘူး။

ဘယ်သူလည်းဆိုတော့ တခြားသူမဟုတ် ရိပေါ်ရဲ့ အချစ်ခံလူသားယုန်ဖြူလေးဖြစ်တဲ့ ရှောင်းကျန့်ကိုယ်တိုင်ပင်...။
.
.
.
ရုံးခန်းထဲမှာ နှစ်ဦးတည်းအတူတူ အလုပ်ကိစ္စပြောကြတာဘဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရိပေါ်က သူ့ကိုခေါ်လိုက်ရင် ကျန့်ကော ဆိုပြီး ချိုချိုသာသာလေး....

ဒါပေမယ့် တခြားဝန်ထမ်းတွေရှေ့မှာဆိုရင်တော့ သူ့ကိုခေါ်တဲ့ပုံကျ ရှောင်းကျန့်တဲ့..

မင်းတို့စဉ်းစားကြည့်ပါဦး...
မသိရင် ငါတို့က ရုံးတွင်းတိတ်တိတ်ပုန်း ချစ်သူတွေကျနေတာဘဲ...။

The King Of My HeartWhere stories live. Discover now