Part-41(🌈)

3.9K 385 19
                                    

မနက်မိုးလင်း၍ နှစ်ခြိုက်စွာအိပ်‌ပျော်ရာမှနိုးလာသော ရှောင်းကျန့်သည် သူ့နံဘေး၌ ဝမ်ရိပေါ်ကိုမတွေ့သောကြောင့် ရေချိုးခန်းထဲ၌ ရှိ‌လောက်မည်ဟုထင်၏။

ထို့ကြောင့်လည်း ရေချိုးခန်းတံခါးကိုခေါက်လိုက်ပြီး ရိပေါ်နာမည်ကိုခေါ်ပေမယ့် အထဲမှဘာအသံမျှ မကြားရသောကြောင့် ရှောင်းကျန့်ဟာ တံခါးကို အသာဖွင့်လိုက်သည်။

ရိပေါ်ဟာ ရေချိုးခန်းထဲ၌ မျက်နှာသစ်သွားတိုက်နေမှာဘဲလို့ရှောင်းကျန့်တွေးထားပေမယ့် ရေချိုးခန်းထဲတွင် ရိပေါ်မရှိပေ။

တစ်ညလုံးအတူတူအိပ်ခဲ့ရာမှ မနက်စောစောစီးစီး နိုးလာသည့်အချိန် ကိုယ့်ချစ်သူကိုမတွေ့ရသောကြောင့် ရှောင်းကျန့်စိတ်ပူစပြုလာခဲ့သည်။

ထို့ကြောင့် ရှောင်းကျန့်ဟာ သူ့အခန်းထဲမှထွက်လာပြီး အိမ်ရှေ့နှင့် ဧည့်ခန်းတစ်ခွင်၌ ရိပေါ်ကို ကျီးကန်းတောင်းမှောက် လိုက်ရှာပေမယ့် ရိပေါ်ရဲ့ အရိပ်အယောင်ကိုတော့ တစ်စမျှမတွေ့ပေ။

ရှောင်းကျန့်ဟာ ရိပေါ်ကိုဘယ်နေရာမှရှာလို့မတွေ့သောကြောင့် အိမ်ရှေ့ကနေ အိမ်ထဲပြန်ဝင်လာပြီး မီးဖိုခန်းထဲသို့ အစောတလျင်ဝင်သွားကာ မိခင်ဖြစ်သူအား သွားမေး၏။

"မား ....ရိပေါ်ရော...ရိပေါ်ကိုတွေ့မိသေးလား??"

ဆံပင်စုတ်ဖွားဖြင့် မျက်လုံးပြူး မျက်ဆံပြူးကာ သုတ်သုတ်ပြာပြာဝင်လာပြီးမေးသည့် သားတော်မောင်ကြောင့် မျက်နှာသစ်သွားမတိုက်ဘဲ ဝမ်ရိပေါ်ကို လိုက်ရှာနေသည်ဆိုတာကို ရှောင်းကျန့်၏ အမေဟာ မေးစရာမလိုအောင် ကြိုသိလိုက်သည်။

"တွေ့တယ်လေ သားရဲ့။ဘာဖြစ်လို့လဲ"

"ဟင်....ဘယ်မှာတွေ့တာလဲမား။သား ရိပေါ်ကိုရှာတာ နှံ့နေပြီ ဘယ်နေရာမှာမှ မတွေ့ဘူး။

"သားက ဘယ်တွေ့မလဲ။သားရှာနေတဲ့ရိပေါ်က ဒီမှာမှမရှိတော့တာ"

"ဗျာ~~~~"

အမေဖြစ်သူ၏ စကားကြောင့် ရှောင်းကျန့်၏မျက်နှာဟာ ဟန်ဆောင်၍မရအောင် ပြိုတော့မယ့် မိုးလိုဖြစ်သွားခဲ့၏။

The King Of My HeartWhere stories live. Discover now