Part-17(🖤)

8.2K 720 96
                                    

ရှောင်းကျန့် အလောတကြီးနဲ့မနက်စာတောင်မစားတော့ဘဲ ကုမ္ပဏီကိုဘဲထွက်လာခဲ့တယ်...
ကုမ္ပဏီကိုရောက်တော့ ၉နာရီတောင်မထိုးသေးတဲ့အတွက် သူ့ရေခဲတုံးကြီးကတော့ မရောက်သေးဘူး...

🕤

ဒီအချိန်ဆိုရင်တော့ သူ့CEOကြီးရောက်နေလောက်ပြီထင်ပါရဲ့
ရှောင်းကျန့် မြန်မြန်ဆန်ဆန်ပင် CEOအခန်းထဲကိုဝင်သွားလိုက်ပေမယ့် အခန်းထဲမှာ ဘယ်သူမှမရှိတဲ့အတွက်စိတ်ပျက်စွာ ပြန်ထွက်လာခဲ့တယ်

'ဟာ..ရှောင်းကျန့်'

ရှောင်းကျန့် CEOအခန်းထဲကနေ ပြန်ထွက်လာတာနဲ့ လက်ထဲမှာဖိုင်တစ်ခုကို ကိုင်ထားပြီး သူ့ဆီလာနေတဲ့မန်နေဂျာ

'မန်နေဂျာကြီး'

'အေး...CEOနဲ့တွေ့လာတာလား'

'သူမရှိဘူး...မရောက်သေးဘူးထင်တယ်'

'ဟင်...ဟုတ်လား..ဘာကိစ္စများရှိနေလို့လားမသိဘူး
ဒါနဲ့ ရှောင်းကျန့် မင်းကအရမ်းကံကောင်းတယ်ကွ'

'ဗျာ...ဘာကိုပြောတာလဲ ကျွန်တော်နားမလည်ဘူး'

'အော်...မနေ့ကလိုပွဲမျိုးကလေ ရှောင်းကျန့်လာမှCEOကပထမဆုံးလုပ်ပေးတာ'

'ပထမဆုံး😯'

'အင်း...ပြီးတော့ မနေ့ညကလည်း မင်းကို သူကိုယ်တိုင်တွဲခေါ်သွားပြီး သူ့ကားနဲ့ပြန်လိုက်ပို့ပေးတာ
ကြည့်ရတာ မင်းအရည်အချင်းကို သူတော်တော်သဘောကျတဲ့ပုံဘဲ
အဲ့လောက်ဂရုစိုက်တာဆိုတော့လေ'

ငါ့ကို သူက သဘောကျတယ်...😳
အာ.... ငါ့အရည်အချင်းကိုပြောတာပါ

'ဘာဘဲဖြစ်ဖြစ် မင်းအတွက် ဝမ်းသာပါတယ်...ကဲ ငါလည်း CEOဆီလာတာ မရှိဘူးဆိုတော့ သွားတော့မယ်'

'သြော် ဟုတ်ကဲ့..'

ငါက တော်တော်ကံကောင်းတယ်ဆိုပါလား...
မန်နေဂျာကြီးပြောပုံအရဆို ရေခဲတုံးကြီးက ငါ့တစ်ယောက်တည်းကိုဘဲ ဂရုစိုက်ပေးတာပေါ့
အဲ့လိုလား...တခြားဝန်ထမ်းတွေကိုတောင် မဟုတ်ဘဲ ငါတစ်ယောက်တည်းကိုမှလေ...ဘာလို့လဲ...ဘာလို့ သူငါ့ကိုဂရုစိုက်ပေးတာလဲ???

ရှောင်းကျန့် မန်နေဂျာကြီးထွက်သွားပြီးကတည်းက ရပ်လျက်သားနဲ့ စဉ်းစားနေပေမယ့် ဘာမှတိတိကျကျအဖြေမထွက်လာ....

The King Of My HeartWhere stories live. Discover now