ရှောင်းကျန့်ဟာ မန်နေဂျာကို သူ့လွယ်အိတ်ထဲမှာအသင့်ပါလာသော အကြမ်းဆွဲထားတဲ့ အင်္ကျီဒီဇိုင်းစာရွက်တွေ ပေးခဲ့လိုက်ပြီး လိုအပ်တာတွေပါ အကုန်ဖြည့်ထားခဲ့လိုက်တယ်
'ဟင်...zhuo chengကဘယ်နားမှာလဲမသိဘူး'
သူ့ကိုစောင့်နေတဲ့zhuo chengကို ကုမ္ပဏီထဲမှာလှည့်ပတ်ရှာပေမယ့် မတွေ့တာနဲ့ phဆက်ကြည့်ဖို့လုပ်ရင်း ကုမ္ပဏီရှေ့ထွက်လာခဲ့သည်
'ရှောင်းကျန့်...'
'zhuo cheng~~'
ကုမ္ပဏီအပြင်ဘက်မှာ ကားကိုမှီပြီးရပ်နေတဲ့ zhuo chengရဲ့အသံကိုကြားတော့ ရှောင်းကျန့် သူ့သူငယ်ချင်းဆီ အမြန်ပြေးသွားလိုက်ပြီး
'zhuo chengစောင့်ရတာကြာသွားလား အားနာလိုက်တာ'
'မကြာပါဘူးကွာ အားနာစရာမလိုပါဘူး သူငယ်ချင်းတွေဘဲဟာ
ဘယ်လိုလဲ ရှောင်းကျန့် အကုန်အဆင်ပြေပြေဘဲလား'zhuo chengက ရှောင်းကျန့်ရဲ့ပခုံးတစ်ဖက်ကိုပုတ်ပြီး အခြေအနေမေးတော့ ရှောင်းကျန့်ကခေါင်းကိုအသာခါရမ်းကာ
'မသိသေးပါဘူးကွာ အခုတော့CEOဆိုတဲ့လူမေးသမျှကိုဖြေတော့ ဖြေခဲ့တာဘဲ ပြီးတော့ ငါဆွဲထားတဲ့ဒီဇိုင်းတွေလည်းပေးထားခဲ့တယ်
ဒါပေမယ့် ရလားမရလားကတော့ မသေချာသေးဘူး''အဆင်ပြေမှာပါကွာ...မင်းဒီလောက်တော်တာ
ဒါနဲ့ CEOဆိုတဲ့သူနဲ့တွေ့ခဲ့တယ်ဆိုတော့ သူမင်းကိုဘာတွေမေးတာလဲ''ဘာတွေမေးရမှာလဲကွာ..မေးခွန်းတွေပေါ့...ငါမင်းကိုပြောပြမယ်ကွ'
ရှောင်းကျန့်က ပြောနေရင်း ရုတ်တရက် zhuo chengရဲ့ဘေးနားရပ်ကာ ကားကိုမှီလိုက်ပြီး ဝတ်ထားတဲ့ ရှပ်အင်္ကျီရဲ့လက်နှစ်ဖက်ကို အပေါ်ဆွဲတင်လိုက်တယ်
မသိရင် ရှောင်းကျန့်ပုံစံက စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တစ်ပုဒ်ကို အားရပါးရပြောပြတော့မယ့်လူလိုမျိုးဖြစ်နေတဲ့အတွက် zhuo chengလည်း ရှောင်းကျန့် ဘာပြောမလဲဆိုတာသိချင်နေပြီ
'zhuo cheng အယ့်CEOကလေ ထူးဆန်းတယ်ကွ ပြီးတော့ ယဉ်ကျေးမှုလည်းမရှိဘူး'
'ဟင်!!ဟုတ်လား ဒါနဲ့ မင်းကဘာဖြစ်လို့ CEOဝမ်ရိပေါ်ကယဉ်ကျေးမှုမရှိဘူးလို့ပြောတာလဲ'
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣