မနက်စောစောစီးစီး အိမ်ရှေ့၌ ကားဟွန်းတီသံကြားသည့်အတွက်zhuo chengရုတ်တရက်လန့်နိုးလာခဲ့သည်။
အိပ်ရာကနေထကာစ အပေါ်ပိုင်းဗလာကျင်း အောက်က ဘောင်းဘီပေါင်လယ်လောက်နှင့် အိမ်ရှေ့ကိုထွက်ကြည့်မိတော့ မထင်မှတ်ထားဘဲ ရောက်ရှိလာသည့်လူတစ်ယောက်ကြောင့် zhuo chengအိမ်ထဲအမြန်ပြေးဝင်ပြီး တွေ့တဲ့အကျီတစ်ထည်ကောက်စွပ်လိုက်ရသည်။
အကျီဝတ်ပြီးကာမှ အိမ်ရှေ့သို့ တစ်ဖန်ပြန်ထွက်လာပြီး ခြံတံခါးဖွင့်ပေးလိုက်ကာ
"အကို kuan မနက်အစောကြီး ဘာကိစ္စများရှိလို့လဲ"
Hai kuanက သူ့လက်ထဲ၌ပါလာသည့် အထုပ်များကို မြှောက်ပြလိုက်ရင်း
"ညီ့အတွက်လေ မုန့်လာပို့ပေးတာ"
"အားနာစရာကြီးဗျာ..လာလေ အကိုkuanအထဲဝင်ပါဦး"
Hai Kuanလည်း ခေါင်းငြိမ့်ပြီး zhuo chengနဲ့အတူ အိမ်ထဲလိုက်ဝင်လာသည်။
"ထိုင်ပါဦး အကိုkuan...ဘာသောက်မလဲ ကော်ဖီသောက်မလား။ကျွန်တော်သွားဖျော်လိုက်မယ်"
Hai Kuanက အထုတ်တွေကိုစားပွဲပေါ်အရင်တင်လိုက်ပြီး ထိုင်ကာ သူ့မူပိုင်အပြုံးတစ်ခုဖြင့်
"မဖျော်ပါနဲ့။ကိုယ်မသောက်တော့ပါဘူး။ကြည့်ရတာ ကိုယ့်ကြောင့် ညီ အိပ်ရေးပျက်သွားပြီထင်တယ်"
"မပျက်ပါဘူး အကိုkuanကလည်း ရပါတယ်"
Zhuo chengလည်း ထိုင်ခုံမှာဝင်ထိုင်ရင်း စားပွဲပေါ်က အထုပ်တွေကိုကြည့်ကာ hai kuanကို ပြောသည်။
"ဘာလို့ အများကြီးဝယ်လာတာလဲ အကိုkuan...ကျွန်တော် တစ်ယောက်တည်းဆိုတော့ စားမကုန်လောက်ဘူး"
"စားမကုန်လည်းရပါတယ်။ဖြည်းဖြည်းချင်းစားပေါ့ ညီရယ်။"
"အကိုkuanဒီကိုလာတာ မုန့်လာပို့တာသက်သက်ဘဲလား"
"ဒီနေ့ကတော့ မုန့်လာပို့တာ သက်သက်ဘဲညီ။ညီပန်းချီဆွဲနေရင်းနဲ့ အဆာပြေစားရအောင် ကိုယ်လာပို့ပေးတာ။နောက်လည်း ညီစားချင်တာရှိရင် ပြောနော်။ ကိုယ်ဝယ်လာခဲ့ပေးမယ်"
"ရပါတယ် အကိုkuanကလည်း။တကူးတကကြီး မဝယ်ပါနဲ့ ။ကျွန်တော်ကလည်း မုန့်တွေသိပ်မစားပါဘူး"
YOU ARE READING
The King Of My Heart
FantasyMy Third Oc Fic.... (I hope you will like it💗) ❣Wang Yibo 💝 Xiao Zhan❣