Extra 2

1.3K 72 6
                                    

သားသမီးအချစ် မြေးအနှစ်ဆိုသလို ဘုစုခရု မြေးပေါက်စလေးတွေကြောင့် ရှောင်းကျန့်တို့ရဲ့ နှစ်ဖက်မိဘတွေဟာ ရှောင်းကျန့်တို့ အိမ်ကိုခဏခဏ လာလည် လေ့ရှိကြသည်။

လာလည်တိုင်းလည်း အချွဲသန်တဲ့ မြေးလေးတွေရဲ့ ချစ်စဖွယ်အမူအယာတွေ ကြောင့်မိဘတွေခမျာ ရှောင်းကျန့်နှင့် ရိပေါ်တို့ကိုပင် အရင်လို စကားအကြာ ကြီးမပြောနိုင်တော့ဘဲ မြေးလေးတွေနဲ့သာအချိန်ကုန်နေ‌တော့သည်။

ဒီပိတ်ရက်မှာတော့ ရိပေါ်ရဲ့ ပါးပါးနဲ့မားမားက ထုံးစံအတိုင်း အမြွှာလေးတွေ အကြိုက်မုန့်ထုပ်တွေအများကြီးနဲ့ အိမ်သို့ လာလည်ကြသည်။

သူတို့ဆိုးချင်သလို ဆိုးလို့ရတဲ့ ချွဲချင်သလိုချွဲလို့ရတဲ့ အဖိုးအဖွားတွေလာလည် ပြီဆိုတော့ အမြွှာလေးတွေလည်း အရမ်းအရမ်းကို ပျော်ရွှင်နေကြတာပေါ့။

သူတို့ကို အလိုလိုက်အကြိုက်ဆောင်ပြီး အရမ်းချစ်ပေးတဲ့ အဖိုးအဖွားတွေကို လည်း တွေ့ရော အမြွှာလေးတွေက ဒီည ဖိုးဖိုးတို့အိမ်လိုက်သွားမယ်ဆိုပြီး ပူဆာတဲ့ အတွက် ရှောင်းကျန့်နဲ့ ရိပေါ်ဟာ ကလေးတွေအကြိုက် သဘောတူပေးခဲ့ကြ သည်။

ရိပေါ်ရဲ့ အဖေနဲ့အမေဟာလည်း အမြွှာလေးတွေကို မခေါ်ချင်ရှာပါဘူး....ဖိုးဖိုးတို့ အိမ်လိုက်ချင်တယ်လို့ပြောလိုက်တာနဲ့ သူ့မြေးလေးတွေကိုချီပြီး ကားဆီတန်း သွားတော့တာပါဘဲ...။

အိမ်မှာကလေးတွေမရှိတဲ့အတွက် ရှောင်းကျန့်တို့အိမ်လေးက အရင်လို ကလေး သံတွေနဲ့ မဆူညံနေတော့ဘဲ ထူးဆန်းစွာတိတ်ဆိတ်နေ၏။

ရိပေါ်နဲ့ ရှောင်းကျန့်နှစ်ဦးသား ကော်ဖီခွက်ကိုယ်စီဖြင့် ဧည့်ခန်းမှာရုပ်ရှင်ထိုင် ကြည့်နေရင်း ရိပေါ်ရဲ့ ပခုံးကိုမှီကာထိုင်နေသည့် ရှောင်းကျန့်ဟာ ရိပေါ်ကို မော့ကာကြည့်ရင်း ပြော၏။

"ကလေးတွေမရှိတော့ အိမ်က အရမ်းတိတ်ဆိတ်မနေဘူးလား ရိပေါ်...."

"တိတ်ဆိတ်နေတာပေါ့ ကျန့်ကောရဲ့...ဘာဖြစ်လို့လဲ"

"ဒီအတိုင်းပါဘဲ...အရင်ညတွေလို ကလေးတွေရဲ့ အသံမကြားရတော့ ရင်ထဲမှာ နဲနဲဟာတာတာဖြစ်နေလို့"

The King Of My HeartWhere stories live. Discover now