Part-8(💕)

8.9K 851 133
                                    

အခန်းကဘဲ လေကောင်းလေသန့်ရလို့လား
ဒါမှမဟုတ် ဖြာကျနေတဲ့ နေခြည်နုလေးတွေကဘဲ စိတ်ကိုလန်းဆန်း စေလို့လားမသိ ရှောင်းကျန့် ဒီနေ့ ဒီဇိုင်းဆွဲရတာ တော်တော်ကိုဈာန်ဝင်နေတယ်

၉ခွဲလောက်တည်းက သူစဆွဲလိုက်တာ အချိန်တွေဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင်မသိခဲ့

ဒါပေမယ့် သူနာရီကိုကြည့်လိုက်တဲ့အချိန် ၁၂ကျော်နေပြီ

နေ့လည်စာ စားရမယ့်အချိန်တောင်ရောက်နေပါလား

ရှောင်းကျန့် ဆွဲနေတာတွေကို လက်စသတ်လိုက်ကာ အခန်းထဲကထွက်လာပြီး အောက်ထပ်ကိုဆင်းမလို့ သူ့ရဲ့ CEOရေခဲတုံးရှိရာ အခန်းရှေ့ကိုအဖြတ်...

အယ်...သူရော နေ့လည်စာမစားဘူးလား

တကယ်လို့စားရင် ကုမ္ပဏီက ကျွေးတာကိုဘဲစားတာများလား

ဒီကုမ္ပဏီကကျွေးတဲ့ နေ့လည်စာအစားအသောက်တွေက အရမ်းကောင်းတယ်လို့ပြောတယ်
ဒါပေမယ့် သူ့လိုCEOတစ်ယောက်က ဒါတွေကို စားပါ့မလား🤔

နေပါဦး....တစ်ခုခုတော့မှားနေပြီ

ရှောင်းကျန့် မင်းအခု နေ့လည်စာသွားစားဖို့လုပ်နေတာမဟုတ်ဘူးလား

ဘာလို့ သူများအကြောင်းကို အားအားရားရားစဉ်းစားနေတာလဲ

သူ့ဘာသာသူဘာဘဲစားစား မင်းနဲ့ဘာဆိုင်လို့လဲ

ကိုယ့်နဲ့မဆိုင်ရင် မဆိုင်သလိုနေစမ်းပါ!!

ရှောင်းကျန့် သူ့ကိုယ်သူ စိတ်ထဲမှာ ပြစ်ပြစ်နှစ်နှစ်ပြောဆိုလိုက်ပြီး CEOရဲ့ အခန်းရှေ့ကနေ ထွက်သွားလိုက်သည်
.
.
.
သို့သော် နေ့လည်စာစားမယ်ဆိုပြီး အောက်ထပ်ကိုဆင်းသွားတဲ့ ရှောင်းကျန့် ၂မိနစ်တောင်မကြာလိုက် သူ့အချစ်တော်CEOရဲ့ အခန်းရှေ့ကို နောက်တစ်ဖန် ပြန်ရောက်လာတယ်

ဒီခြေထောက်ကလည်း ဘာလို့ ဒီအခန်းရှေ့ဘဲပြန်ရောက်လာပြန်ရတာတုန်း!!😑

ရှောင်းကျန့် စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်မိပေမယ့် ဒီတစ်ခေါက်တော့ သူလက်ထဲမှာ ခုနက သူဆွဲထားတဲ့ ဒီဇိုင်းစာရွက်တွေပိုက်လျက်

The King Of My HeartWhere stories live. Discover now