Part-15(💋)

7.8K 725 92
                                    

'ရိပေါ်....ဝမ်ရိပေါ်'

မုန့်ရသွားတဲ့ကလေးလေးတစ်ယောက်လို ပြုံးပျော်နေတဲ့ မျက်နှာထားလေးနဲ့ သူ့နာမည်ကို ခေါ်ပြီး အပြင်ပြန်ထွက်လာတဲ့ရှောင်းကျန့်ကြောင် ရိပေါ်ရဲ့ ရင်ထဲမှာတော့ အင်အားပြင်း မုန်တိုင်းကြီးတစ်ခုဖြစ်သွားသလို ရမ်းခါသွားတယ်

'ရိပေါ်....ပေါ်ပေါ်လေး'

နောက်တစ်ခါ ရှောင်းကျန့်ကို အရက်မသောက်ခိုင်းတော့မှနဲ့တူတယ် ဒါမှမဟုတ်ရင် ရှောင်းကျန့်ရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူတွေအောက်မှာ ရိပေါ် ရဲ့အသည်းနှလုံးလေးလည်း မီးနဲ့တွေ့တဲ့ဖယောင်းလိုအရည်ပျော်ကျတော့မှာ သေချာတယ်

'ပြီးပြီမလား...သွား..သွားရအောင်'

'မသွားဘူး'

ဒီငမူးလေးနဲ့တော့ ရိပေါ်သေချင်တော့တာဘဲ...
အဲ့လောက်ထိ ချစ်ဖို့ကောင်းအောင်လုပ်မနေနဲ့....
ဒီကလူကစိတ်မထိန်းနိုင်တော့ရင် Toiletသော ဘာသော နားလည်တာမဟုတ်ဘူး ဘယ်နေရာဖြစ်နေနေ ဂရုမစိုက်မှာမဟုဘူးနော်...

'သွားရအောင်ပါ...ရှောင်းကျန့်ရယ်'

'မသွားဘူး...ကျန့်ကော လို့ ခေါ်မှသွားမှာ'

'ဟမ်!!!'

'ဗြဲ....ဟိုနေ့ကကျတော့ ကျန့်ကောလို့ချိုချိုသာသာလေး ခေါ်ပြီးတော့
အခုကျတော့ ရှောင်းကျန့်...ရှောင်းကျန့်နဲ့ အဲ့လိုမခေါ်နဲ့ မကြိုက်ဘူး 😭'

ပြောရင်းနဲ့ မျက်ရည်တွေပါ ဝိုင်းလာပြီး ငိုယိုနေတဲ့ အမူးသမားလေးကြောင့် ရိပေါ် သူ့ကိုယ်သူထိပ်တန်းကုမ္ပဏီတစ်ခုရဲ့ CEOဆိုတဲ့ ဂုဏ်ပုဒ်ကို ရေမြောင်းထဲလွှတ်ပစ်လိုက်ကာ ငိုနေတဲ့ ကလေးကြီးကို ဆွဲဖက်လိုက်ကာရင်ခွင်ထဲထည့်ရင်း ချော့ရပြန်သည်

'အိုခေ...ခေါ်မယ်နော်.... ခေါ်မယ်'

'အခုခေါ်....ကျန့်ကောလို့'

'အင်း....ကျန့်...ကျန့်ကော'

'ပြန်ခေါ်ဦး..ရွှတ်😢'

'ကျန့်ကော~~~'

'အဲ့ထက်ပိုပြီး နူးနူးညံ့ညံ့လေးခေါ်'

ဝမ်ရိပေါ် အမူးပါးလေးရှောင်းကျန့်ရဲ့နား နားကပ်ပြီး သူ့ရဲ့ ခပ်သြသြအသံကိုအနဲငယ်နှိမ့်ကာ 'ကျန့်ကော~~'ဆိုပြီး နူးနူးညံ့ညံ့လေးခေါ်လိုက်တော့မှ သူ့ပခုံးထက်မှာမေးလေးတင်ပြီး တရှုံ့ရှုံ့နဲ့ ငိုနေတဲ့ ရှောင်းကျန့်ဆီက ရယ်သံပိစိလေးကြားရတော့တယ်

The King Of My HeartWhere stories live. Discover now